မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က မနက်ဖြန် အဲဗာတန်အသင်းနဲ့ ကစားရမယ်် ပရီးမီးယားလိဂ် ပွဲစဥ်အတွင်း ဒဏ်ရာ ပြဿနာတွေက ပြန်လည် သက်သာလာခဲ့ပြီဖြစ်သော ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်ဟာ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာလိမ့်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Sky Sports
ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မန်ယူနိုက်တက် နဲ့ ရက်ဒင်းအသင်းတို့ ယှဥ်ပြိုင်ခဲ့တဲ့ အက်အေဖလား ပွဲစဥ်အတွင်း အန်ဒီကာရိုးရဲ့ ဆိုးရွှားလှတဲ့ ဖြတ်ထုတ်မှုကြောင့် ခြေချင်းဝတ် အရွတ် စုတ်ပြဲသွားခဲ့ရသလို (၂)လနီးပါးလောက်အထိပါ အနားယူခဲ့ရပါတယ်။ အခုတော့ အဲရစ်ဆင်က အသင်းနဲ့ပါ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သလို အသင်းအတွက်ကိုလည်း ပြန်ကစားပေးနိုင်တော့မယ်လို့ တန်ဟက်ဂ်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
“သတင်းကောင်းကတော့ အဲရစ်ဆင်က လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ မနက်ဖြန်မှာ အသင်းအတွက် ပြန်လည် ပါဝင်လာလိမ့်မယ်။ ဒီ ဆိုးရွှားလှတဲ့ ဖြတ်ထုတ်မှုကို ကျွန်တော် အရမ်း ဒေါသထွက်မိပါတယ်။ ပထမတောပ သူ့ကို ကျွန်တော်တို့တွေ တစ်ရာသီလုံး လက်လွတ်ရပြီထင်ပြီး စိုးရိမ် ထိတ်လန့်ခဲ့ရတယ်။ ဒါပေမယ့် သူရော အသင်းရဲ့ဆေးအဖွဲ့ဝင်တွေကပါ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အခု သူ့ကို ဘောလုံးရာသီတစ်ခုရဲ့ နောက်ဆုံးပိတ် ကာလလောက်မှာ ပြန်လည် အသုံးပြုခွင့် ရရှိတာကို အရမ်း ဝမ်းသာမိပါတယ်” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
အခုလို အဲရစ်ဆင်က အသင်းအတွက် ပြန်ကစာပေးနိုင်တော့မှာ ဖြစ်ပေမယ့်လည်း ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်အတွင်း ဒဏ်ရာရသွားခဲ့သူ ဘယ်နောက်ခံလူ လုခ်ရှောက အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရလိမ့်မယ်လို့ တန်ဟက်ဂ် အတည်ပြုသွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် အသင်းရဲ့ အဓိက ကစားသမား ကက်စီမဲရိုးကလည်း သူရဲ့ ပွဲပယ် ပြစ်ဒဏ် တစ်ပွဲ ရှိနေသေးတာကြောင့် အဲဗာတန်နဲ့ ပွဲကိုကါ ထပ်မံ လွဲချော်ရပါဦးမယ်။