အီတလီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်အတွက် ချယ်လ်ဆီးအသင်းဘက်က ကနဦး လုပ်ဆောင်လာတဲ့ ကမ်းလှမ်းချက်ကို ဂျုဗင်တပ်စ်တို့က ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Transfermarket

ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက အသင်းတိုက်စစ်ပိုင်းအတွက် အန်ကွန်ကူ နီကိုလပ်စ်ဂျက်ဆန်တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသက် (၂၃)နှစ်အရွယ် ဂျုဗင် ကစားသမားကိုတော့ ထပ်မံ အလိုရှိနေပါတယ်။ အစောပိုင်းကတော့ ဗလာဟိုဗစ်အတွက် လူကာကူနဲ့ ကစားသမား အလဲအထပ်မျိုးနဲ့ ကမ်းလှမ်းသွားဖို့ ကြိုးပမ်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း တကယ်တမ်း ကမ်းလှမ်းရာမှာ ငွေသားနဲ့သာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒါကိုလည်း ဂျုဗင်တပ်စ်ဘက်က ပယ်ချခဲ့တယ်လို့ Corriere della Sera ကနေ ဖော်ပြသွားခဲ့ပါတယ်။

Chelsea are considering a swoop for Vlahovic

Photo Credit : The Sun

ချယ်လ်ဆီးက ဆာဘီးယား တိုက်စစ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၁)သန်း ယူရိုနဲ့ဆိုရင် ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဒီကမ်းလှမ်းချက်ကို ဂျုဗင်တပ်စ်ဘက်က ပယ်ချခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းက သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၇၇)သန်းအထိ အလိုရှိနေတာဖြစ်ပြီး ကစားသမား အလိုက်ပေး ကမ်းလှမ်းမှုတွေထက် ငွေသား သီးသန့်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံ စဉ်းစားပေးဖွယ်လည်း ရှိနေပါတယ်။ လက်ရှိမှာတော့ ဗလာဟိုဗစ်ကို ချယ်လ်ဆီးအပြင် မန်ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပြီး ကစားသမား အေးဂျင့်နဲ့ပါ ဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ သတင်းထွက်နေပါတယ်။

ဗလာဟိုဗစ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲသွားဖို့ ဆန္ဒရှိနေပြီး သူ့ကို အခုလို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ အပေါ်မှာလည်း ကျေနပ်လျက် ရှိနေတယ်လို့ သိရပါတယ်။