ဂျာမန်ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းဟာ မနေ့ညက ဘိုဟုမ်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့တာကြောင့် ဒုတိယနေရာက ဘိုင်ယန်မြူးနစ်အသင်းကို (၄)မှတ်အထိ ဖြတ်တောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ဒေါ့မွန်အသင်းဟာ ဘိုဟုမ်နဲ့ ပွဲစဉ်မတိုင်ခင် (၂၉)ပွဲကစား ရမှတ်(၆၀) ရရှိခဲ့ပြီး လက်ရှိ ချန်ပီယံ ဘိုင်ယန်အသင်းထက် (၁)မှတ်အသာ ရရှိထားခဲ့လို့ ဘိုဟုမ်ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် ဘိုင်ယန်ကို (၄)မှတ်အထိ ဖြတ်တောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ရဲ့ ဒီရာသီ inconstant မရှိမှုက ဒီပွဲစဉ်မှာ ထပ်မံ မြင်တွေ့ခဲ့ရပြန်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားမှုကလည်း (၆)ပွဲအထိကို ဖြစ်သွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကိုတောင် အနိုင်ယူထားတဲ့ တန်းဆင်းဇုန်နားက ဘိုဟုမ်အသင်းဟာ ပွဲအစ (၅)မိနစ်မှာပဲ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပေမယ့် အဒီယေမီက (၇)မိနစ်အတွင်းမှာ ဒေါ့မွန်အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အပြန်အလှန် ထိုးဖောက်မှုတွေ ရှိပေမယ့်လို့ ဒုတိယပိုင်းမှာ ဒေါ့မွန်က ပိုမို ဖိအားပေး ကစားခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ထပ်မံ ရယူနိုင်ခြင်း မရှိတော့တဲ့အတွက် သရေရလဒ်နဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

လာမယ့် တနင်္ဂနွေနေ့ညမှာတော့ ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားသွားရမှာဖြစ်ပြီး တကယ်လို့ ဘိုင်ယန်က ဒီပွဲကို အနိုင်ရလိုက်မယ်ဆိုရင် သူတို့အထက်က (၂)မှတ်အသာနဲ့ ဦးဆောင်ထားတဲ့ ဒေါ့မွန်ကို ပြန်လည် ကျော်တတ်ပြီး (၁)မှတ်အသာနဲ့ပါ ဦးဆောင်ခွင့် ပြန်ရသွားပါလိမ့်မယ်။ ဒီလိုသာဆိုရင်တော့ ဒေါ့မွန်အနေနဲ့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးသော ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုနဲ့ ထပ်မံ လွဲချော်ရနိုင်ဖို့ ရှိနေသလို ဘိုင်ယန်ကပဲ (၁၂)ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။