လက်ရှိမှာ နွေရာသီ အပြောင်းရွှေ့ဈေးကွက်က ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ကလပ်အသင်း တစ်သင်းသင်းကသာ ကစားသမား လိုအပ်မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် free agents players တွေကို အရ ခေါ်ယူနိုင်ဦးမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းက free agent ကစားသမားကြီးဖြစ်တဲ့ ဒီယဂျေုကောျစတာကို ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Costa won the Premier League twice with Chelsea

Photo Credit : The Sun

ဝုလ်ဗ်အသင်းက ဒီရာသီမှာ စတုဂတ် တိုက်စစ်ကစားသမား ကလာ့ချ်ဒီဇစ်ကို ခေါ်ယူထားခဲ့ပေမယ့် ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဥ်အတွင်းမှာ ကလာ့ချ်ဒီဇစ်က acl injury ရရှိသွားခဲ့တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ကော်စတာကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နာမည်ကြီး သတင်းမီဒီယာ The Athletic ရဲ့ ဖော်ပြချက်မှာတော့ အသက်(၃၃)နှစ်အရွယ် စပိန်ကစားသမားကြီး ကော်စတာဟာ လာမယ့် အဂ်ါနေ့မှာပဲ ဝုလ်ဗ်အသင်းဆီ လာရောက်ပြီး သူရဲ့ကြံခိုင်မှုနဲ့ အသင်းနဲ့ suit ဖြစ်နိုင်မှုတွေကို အကဲဖြတ်နိုင်ဖို့အတွက် အစမ်းလေ့ကျင့်တာတွေ လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

Diego Costa is in line for a stunning Premier League return

Photo Credit : The Sun

ချယ်လ်ဆီး အသက်လက်တီကိုမက်ဒရစ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေနဲ့ စပိန်လက်ရွေးစင်အသင်းမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားကြီး ကော်စတာဟာ ဘရာဇီးလ်ကလပ် မင်နဲရိုးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက ခုထိကို အသင်းလက်မဲ့ ကစားသမား ဖြစ်နေရပါတယ်။ အခုနွေစျေးကွက်ထဲမှာ လာလီဂါကလပ် ဗယ်လက်ကာနို အပါအဝင် အသင်းတချို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကော်စတာဟာ စျေးကွက်ပိတ်သိမ်းချိန်အထိ ဘယ်အသင်းကိုမှ မပြောင်းရွှေ့နိုင်ခဲ့ပဲ စျေးကွက်ပိတ်သွားချိန်မှသာ အသင်းပြောင်းဖို့ အကြောင်းဖန်လာခဲ့သလို ပရီးမီးယားလိဂ်ကို ပြန်လည် ကျင်လည်ရဖွယ်ပါ ရှိနေပါတယ်။ လက်ရှိမှာ ကော်စတာနဲ့ ဝုလ်ဗ်အသင်းတို့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့အပြင် စိတ်ချရတဲ့ source တစ်ခုဖြစ်တဲ့ the athletic ရဲ့ သတင်းဖော်ပြချက် ဖြစ်နေတာကြောင့် ချယ်လ်ဆီး ကစားသမားဟောင်းကြီး ကော်စတာကို ပရီးမီးယားလိဂ်မှာ ပြန်လည် မြင်တွေ့ခွင့်ရဖို့က အ​​ခြေအနေများနေပါတယ်။ ဒါပေမယ့် ဝုလ်ဗ်နည်းပြ ဘရူနိုလာ့ချ်က ကော်စတာရဲ့ အခြေအနေကို သေချာလေ့လာပြီးမှသာ အသင်းအတွက် ခေါ်ယူသွားဖွယ် ရှိနေသလို နောက်ထပ် free agent player ဖြစ်သူ ခံစစ်မှူး ဒီနာယာကိုလည်း မျက်စိကျနေပါတယ်။