အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က သူအတွက် အာဆင်နယ်အသင်း အသုံးပြုခဲ့ရတဲ့ မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးအကြောင်းကို တွေးတောနေမှာ မဟုတ်ပဲ အသင်းအတွက်ကိုသာ အာရုံစိုက် ကစားပေးသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ဟောင်း ရိုက်စ်ဟာ ဒီနွေမှ ဝက်စ်ဟမ်းကနေ အာဆင်နယ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၀၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပါတယ်။

Photo Credit : We Ain’t Not No History

“အပြောင်းအရွှေ့ ဖြစ်ပေါ်လာရမယ့် အချိန်မှာ ပြောင်းရွှေ့ကြေး နှုန်းထားတွေကြောင့် ကျွန်တော် စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါကို ဒီအတိုင်းလေးပဲ တွေးကြည့်လိုက်မယ်ဆိုရင် ခင်ဗျားက လူသားတစ်ယောက်ကို ပေါင် (၁၀၅)သန်းနဲ့ ဝယ်ယူလိုက်တယ်ဆိုတာဟာ သာမာန်ကိစ္စတစ်ခုရယ်လို့ မခံစားနိုင်စေဘူးလေ။”

“ဒါပေမယ့်လည်း ဒါက ကျွန်တော် ဝက်စ်ဟမ်းမှာ လုပ်ဆောင်နိုင်ခဲ့သမျှတွေအတွက် သူတို့က ကျွန်တော့်ကို တန်ဖိုး သတ်မှတ်ခဲ့တာပါပဲ။ ကျွန်တော် အာဆင်နယ်နဲ့ လက်မှတ်ထိုးပြီးချိန် ကျွန်တော်ကိုယ်ကျွန်တော် ငါက အရင်က ဒီကလန်ရိုက်စ်အတိုင်းပါပဲ။ ဘာမှ မပြောင်းလဲပါဘူးဆိုပြီး တွေးလိုက်မှပဲ အရာရာက ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ရတယ်။”

Photo Credit : The Times

“ရာသီကြို ခြေစမ်းပွဲကာလ ကျွန်တော်ရဲ့ အာဆင်နယ် ကစားသမားဘဝ ပထမ (၃)ပတ်အတွင်းမှာ အပြောင်းအလဲ တချို့ကြောင့် ကျွန်တော် နည်းနည်းလောက်တော့ ခက်ခဲခဲ့ရသေးတယ်။ နေရာသစ်တစ်ခုကို ရောက်ရှိပြီး ရက်သတ္တပတ် နည်းနည်းလောက် ဖြတ်သန်းပြီးချိန် ဆိုရင်တော့ နေရာသစ်မှာ အထိုင်ကျလာပြီလို့ ခံစားမိလာစေပါလိမ့်မယ်။”

“ကျွန်တော်ကတော့ ကိုယ်ရဲ့ ပြောင်းရွှေ့ကြေးအကြောင်းကို ခေါင်းထဲကို မထည့်ထားတာ။ ကျွန်တော် အသင်းအတွက်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစား ကစားပေးနေတယ်။ အရိုးသားဆုံး ပြောရရင် ကျွန်တော် ဘောလုံးကိုသာ ကစားချင်ခဲ့တာ။ ပြောင်းရွှေ့ကြေးကြီးကြောင့် ကျွန်တော်ရဲ့ ကစားပုံတွေအပေါ် သက်ရောက်လာမှာ ဖိအားဝင်လာမှာကို ကျွန်တော် မလိုလားဘူး။ ဒါကြောင့် ကျွန်တော် လုပ်စရာ ရှိတာကိုပဲ လုပ်ဆောင်နေပါတယ်။” လို့ ရိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။