မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဒီဘရိုင်းနားဟာ သူရဲ့ကစားသမားဘဝအတွင်း အမြင့်မားဆုံးသော စွမ်းဆောင်ရည်တစ်ခုအဖြစ် ဒီရာသီမှာ ဂိုးဖန်တီးမှုပေါင်း (၂၃)ကြိမ်အထိ ပြုလုပ်ထားပြီး ဒီပမာဏဟာ သူရဲ့ player carrier အတွင်း အများဆုံး ပမာဏ ဖြစ်ပါတယ်။

Gameweek 31 Ones to watch: Kevin De Bruyne

ဒီဘရိုင်းနားဟာ ဘိုင်ယန် နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း ဟာလန်းရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီးနောက်မှာ သူရဲ့ ဒီရာသီ ဂိုးဖန်တီးမှု အရေအတွက်က (၂၃)ဂိုးအထိ ရှိသွားခဲ့ရပါတယ်။ ဒီဘရိုင်းနားရဲ့ assists တွေကို အများဆုံး မြင်တွေ့ခဲ့ရတဲ့ ဘောလုံးရာသီက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီဖြစ်ပြီး (၂၂)ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့အပြင် မန်စီးတီးက လက်ကျန်ပွဲတွေပါ ဆက်လက် ကစားသွားဖို့ ရှိနေသေးတာဖြစ်လို့ ဒီဘရိုင်းနားရဲ့ ဖန်တီးမှုကို ဆက်လက် မြင်တွေ့ရဖွယ် ရှိနေပါရပါတယ်။

Photo Credit : Fubo

အသက်(၃၁)နှစ်အရွယ် ဘယ်လ်ဂျီယံ assists king ဒီဘရိုင်းနားဟာ vision အရမ်းကောင်းလွန်းသူ တိကျတဲ့ ဘောလုံးပေးပို့မှု အခွင့်အရေး ဖန်တီးမှုတွေ လုပ်ဆောင်နိုင်သူဖြစ်ပြီး အခုဆိုရင် သူရဲ့ ကစားသမားဘဝအတွင်းမှာ ဂိုးဖန်တီးမှု အကြိမ်ပေါင်း (၂၅၉)ဂိုးအထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဒါဟာ မန်ယူနိုက်တက် ရီးယဲလ်မက်ဒရစ်တို့ရဲ့ ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခ်ဟမ်းနဲ့ပါ အရေအတွက်ချင်း တူညီနေရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း (၂၃)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့တဲ့ ဒီဘရိုင်းနားဟာ Opta ရဲ့ အချက်အလက်ဆိုင်ရာ တွက်ချက်မှုတွေအရ ထိပ်တန်း ဥရောပလိဂ်(၅)ခုမှာ အများဆုံး အရေအတွက် ဖြစ်နေပြီး ဒီဘရိုင်းနားနောက်မှာ မက်ဆီက (၁၈)ကြိမ်နဲ့ ဒုတိယနေရာက ရှိနေပါတယ်။

Photo Credit : Twitter

ဒီဘရိုင်းနားဟာ မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာရဲ့ ၃-၂-၄-၁ ကစားကွက်မှာ ပိုမို အလုပ်ဖြစ်နေပြီး တိုက်စစ်က ဟာလန်းနဲ့ တွဲဖက်ကာ ဟာလန်းရဲ့ ဂိုးတွေကို ဒိုင်ခံ ဖန်တီးပေးနေပါတယ်။ ဖန်တီးသူမောင်ရှင် ဒီဘရိုင်းနားဟာ မကြာသေးခင်ကမှ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုပေါင်း (၁၀၀)ပြည့်ထားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာဆိုရင်တော့ ဂိုးပေါင်း (၁၄၀)အတွက် စပယ်ရှယ် ဖန်တီးပေးထားနိုင်ပါတယ်။