၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တတ်လှမ်းထားခဲ့ကြသော အသင်း(၄)သင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ ခရိုအေးရှားအသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်က သူတို့လက်ရွေးစင်အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ DNA တွေ ပါဝင်နေတယ်လို့ ချီးမွှမ်းပြောကြားလိုက်ပါတယ်။

Photo Credit : The Japan Times

ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားမှာ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းထားနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံ မော်ရိုကို ကနေဒါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရင်းကနေ အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂျပန်အသင်း ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ ကျော်ဖြတ်လာခဲ့ရင်း အခုဆိုရင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခရိုအေးရှားက ဆီမီးဖိုင်နယ်မှာတော့ နောက်ထပ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ ရင်ဆိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။

What Luka Modric told Rodrygo in classy message after Croatia knocked  Brazil out of World Cup | The Sun

Photo Credit : The Sun

အခုလို (၂)ကြိမ်ဆက်တိုက် ဆီမီးဖ်ိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ပတ်သတ်ပြီး မိုဒရစ်က “ကျွန်တော်တို့အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ တူညီတဲ့ DNA မျိုး ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဆုံးခန်းတိုင်အထိ အမြဲတမ်း ဆက်လုပ်ကိုင်နေပြီး ဘယ်တော့မှလည်း အရှုံးမပေးတတ်ပါဘူး။ နောက်ထပ် အသင်းကြီးတစ်သင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကို ကျွန်တော် ကစားချင်ပါတယ်။ ကစားသမားတစ်ယောက်တည်းနဲ့တင် မဟုတ်ပဲနဲ့ အသင်းကြီးတစ်သင်းနဲ့ပဲ ကစားသွားချင်တာပါ။ ဒါက ကျွန်တော် လိုချင်တဲ့အရာပါ။ လီယွန်နယ်မက်ဆီက သူတို့အတွက် အကောင်းဆုံး အကြီးမားဆုံး ကစားသမားဆိုတာ သေချာပါတယ်။ သူ့ကို တားဆီးဖို့ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီး ရှိနေမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြင်ဆင်ထားပြီး အားလုံးကိုလည်း ပေးဆပ်သွားမှာပါ။ ဖိုင်နယ်ကို တတ်လှမ်းနိုင်ဖို့အတွက် လုံလောက်တဲ့ ကြိုးပမ်းမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူတိုင်းက နိုင်ငံကြီးတွေကို ကြည့်တတ်တယ်။ နိုင်ငံငယ်လေးတွေဆိုတော့ ဘယ်သူမှ ထည့်မတွက်ကြဘူး။ ဒါပေမယ့် တခြားသူတွေ အကြိုက်မို့လို့ ဒါက ကျွန်တော်တို့အတွက် ပြသာနာ မရှိပါဘူး။ ကျွန်တော်တို့ ပွဲကို ပင်နယ်တီ မသွားပဲ စောစောစီးစီး ပြီးသွားရအောင် တတ်နိုင်သမျှ လုပ်ဆောင်သွားဖို့အတွက် ဆန္ဒရှိပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။