လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်လို ကွင်းလယ် ကစားသမားမျိုးကို လိုအပ်တယ်လို့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဒန်နီ မာဖီက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီထဲ အသင်း ကွင်းလယ်ပိုင်း အပြောင်းအလဲတွေ များစွာ ဖြစ်ပေါ်ထားခဲ့ရပြီး ဟန်ဒါဆန် ဖာဘင်ဟို ကီတာ ချိန်ဘာလိန် မီနာတို့နေရာမှာ အယ်လစ္စတာ ဆိုဘိုဆလိုင်း အန်ဒို ဂရာဗန်ဘာ့ချ်တို့နဲ့ ပြန်လည် ဖြည့်တင်းထားခဲ့ပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့် လီဗာပူးလ်အသင်းက holding midfielder တစ်ဦးခန့် ထပ်မံ လိုအပ်နေသေးပြီး ဒီအတွက်လည်း လာမယ့် ဆောင်းဈေးကွက်မှာ ကွင်းလယ် ကစားသမားတစ်ဦးကို ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားဟောင်း မာဖီက “ပွဲရဲ့ကဏ္ဍတိုင်းကို တိုးတက်အောင် လေ့လာ သင်ယူချင်တဲ့ လူငယ် holding midfielders တွေများ ရှိနေမယ်ဆိုရင်တော့ လီဗာပူးလ် နဲ့ အာဆင်နယ်ပွဲကို ကြည့်ပြီး ဒက်ကလန်ရိုက်စ် ဘယ်လို ကစားသွားသလဲ ဆိုတာကို လေ့လာကြည့်ပါ။ သူက အံ့သြထူးခြားပါတယ်။”

Photo Credit : Irish Examiner

“လီဗာပူးလ်အသင်းကလည်း သူ့လို ကစားသမားမျိုးကို လိုအပ်နေပါတယ်။ ဒက်ကလန်ရိုက်စ်သာ လီဗာပူးလ် ကစားသမား ဖြစ်နေမယ်ဆိုရင်တော့ သူတို့အသင်းလည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အဲ့ဒီလောက်ကို ကောင်းတာ။ သူက အဲ့ဒီပွဲမှာလည်း နေရာပေါင်းစုံမှာ ခြေစွမ်းပြခဲ့တာ။”

“သူက ပွဲကို ကောင်းကောင်းဖတ်နိုင်တယ်။ ဘောလုံးကိုလည်း ရယူနိုင်တယ်။ ဖိအားတွေအောက်မှာ ဘောလုံးကို ထိန်းကစားနိုင်တယ်။ သူရဲ့ positional play ကစားနိုင်တာတွေ အားလုံးက ဘက်ပေါင်းစုံမှာ တောက်ပမှုကို ပြသနိုင်ခဲ့တာတွေချည်းပါပဲ။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။