အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပေမယ့်လည်း မကြာခင်မှာပဲ ကစားသမားသစ်နှစ်ဦးကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကစားသမားတွေကတော့ မန်ချက်စတာစီးတီး ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား ရာဟင်စတာလင်နဲ့ နောက်ခံလူနေသန်အကီတို့ပဲဖြစ်ပြီး ချယ်လ်ဆီးအနေနဲ့ စတာလင်ရော အကီကိုပါ ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်နေခြင်းဟာ လက်ရှိမှာ အလားအလာ ကောင်းလာခဲ့ရပြီလို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Journalist explains why Antonio Rudiger is still being selected by Chelsea  but not Andreas Christensen » Chelsea News

Photo Credit : Chelsea News

ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေဈေးကွက်ထဲမှာ နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားခဲ့ရသလို မနှစ်ကမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူကာကူကိုလည်း သူ့အသင်းဟောင်း အင်တာမီလန်အသင်းဆီ ပြန်လည် အငှားချလိုက်ရတဲ့အတွက် ဒီကစားသမားတွေရဲ့ ကွက်လပ်တွေကို ပြန်ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးရဲ့ စတာလင်နဲ့ အကီတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။

Raheem Sterling strike sinks Arsenal as Man City keep it tight | Football  News - Hindustan Times

Photo Credit : Sky Sports

ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးကို တကျော့ပြန် ရောက်လာချိန်မှာ ခြေစွမ်းပြဖို့ အတော်လေး ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့အသင်းဟောင်းကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။ အင်တာကို ပြန်ရောက်သွားတဲ့ လူကာကူနေရာမှာ စတာလင်လို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တောင်ပံတိုက်စစ်ကစားသမားမျိုးနဲ့ ပြန်လည်အစားထိုးနိုင်မှာက ချယ်လ်ဆီးအတွက် အကောင်းဆုံးသော ကစားသမားခေါ်ယူမှု ဖြစ်လာနိုင်ပြီး စတာလင်ကလည်း လာမယ့်ရာသီ စီးတီးအသင်းမှာ သူ့အတွက် ပွဲကစားခွင့်တွေ နည်းပါးလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ စီးတီးအသင်းမှာ စတာလင်ထက် ပွဲကစားခွင့် နည်းပါးနေရသူဖြစ်တဲ့ နေသန်အကီကိုလည်း သူရဲ့အသင်းဟောင်း ချယ်လ်ဆီးက ပြန်လည်ခေါ်ယူချင်နေပြီး စီးတီးဘက်ကလည်း ကူကူရယ်လာ ကယ်လ်ဗင်ဖီးလစ်တို့ကို ခေါ်ယူသွားဖို့အတွက် စတာလင်နဲ့ အကီတို့ကို ရောင်းချသွားချင်နေပါတယ်။ လက်ရှိ အခြေအနေအရ အသင်းနှစ်သင်းကြား တွေ့ဆုံဆွေးနွေးမှုတွေက အခြေအနေကောင်းနေပြီး ကစားသမားနှစ်ဦးလုံးပါ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် ဒီအပြောင်းအရွှေ့က အထမြောက်လာရဖွယ် ရှိနေပါတယ်။