ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက သူဟာ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ သည်းခြေအိမ် ခွဲစိတ်မှုမှာ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း သူ့ရဲ့ အင်စတာဂရမ်အကောင့် ကနေ တဆင့် စပါးပရိသတ်တွေနဲ့ သူ့ရဲ့ ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အသက် ၅၃နှစ် အရွယ် အီတလီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ ကွန်တီက ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ စပါး စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အီတလီ စီးရီးအေ ၄ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ အီတလီ စူပါဖလား ၂ကြိမ်နဲ့ အင်တာလီယန်နစ်ရှာဖလား ၁ကြိမ်တို့ကို ရရှိထားပါတယ်။

Photo Credit: Sports Max

ယမန်နေ့မှာတော့ ကွန်တီက ရုတ်တရတ် ဗိုက်အောင့်လာတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ သည်းခြေအိတ်အနာ ဖြစ်နေကြောင်း သိခဲ့ရတာကြောင့် ချက်ချင်းပဲ ခွဲစိတ်မှု ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး ယမန်နေ့ညပိုင်းမှာ ကွန်တီဟာ သူ့ရဲ့ သည်းခြေအိတ် ခွဲစိတ်မှုကို လုပ်ခဲ့ပါတယ်။

ကွန်တီရဲ့ သည်းခြေအိတ် ခွဲစိတ်မှုဟာ အဆင်ပြေပြေနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ယခုအချိန်မှာတော့ ကွန်တီက အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေကာ ကွန်တီက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ သူ့ရဲ့ ခွဲစိတ်မှု အောင်မြင်ကြောင်းနဲ့ အသင်းအတွက် အမြန်ဆုံး ပြန်လည် သက်သာလာအောင် ကြိုးစားနေကြောင်း သူ့ရဲ့ ခွဲစိတ်မှု အခြေအနေကို ရေးသား ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Sports Max

ကွန်တီက – “ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပေးပို့ခဲ့တဲ့ စာတွေ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ခွဲစိတ်မှုက အောင်အောင်မြင်မြင်ပဲ ပြီးဆုံးခဲ့ပါတယ်။ ကျွန်တော်က အခုတော့ ပြန်သက်သာနေပါပြီ။ အခုချိန်က အားပြန်ဖြည့်ရမယ့် အချိန်ပါ။ ကျွန်တော်ကတော့ အသင်းနဲ့အတူ ဘောလုံးကွင်းထဲ ပြန်ဝင်ရမယ့် အချိန်ကို မစောင့်နိုင်တော့ပါဘူး” လို့ ရေးသား ဖော်ပြရင်း သူ့ရဲ့ သတင်းကောင်းကို ပရိသတ်တွေဆီ ပြောပြသွားခဲ့တာပါ။