ဒီနှစ်ဘောလုံးရာသီမှာ တာထွက် မလှမပ ဖြစ်နေရပြီး (၄)ပွဲကစား (၁)မှတ်သာ ရရှိထားတဲ့အထိ အခြေအနေ ဆိုးရွှားနေတဲ့ ဆီဗီလာအသင်းဟာ အသင်းရဲ့ လက်ရှိ အခြေအနေတွေကြောင့် အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်သွားဖို့အထိ စဉ်းစားလာခဲ့ပြီး နည်းပြလိုပက်တယ်ဂီနေရာမှာ ပီအက်စ်ဂျီ စပါးတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

Sevilla have recorded their worst-ever start to a season under Julen Lopetegui

Photo Credit : The Sun

လာလီဂါ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဆီဗီလာဟာ ဒီရာသီ လာလီဂါ(၄)ပွဲကစားအပြီးမှာ ဗယ်လာဒိုးလစ် တစ်သင်းတည်းကိုသာ သရေကျအောင် ကစားထားနိုင်ပြီး အိုဆာဆူနာ တန်းတတ်အယ်လ်မီရီယာနဲ့ ဘာစီလိုနာအသင်းတွေကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့ရပါတယ်။ လာလီဂါ (၄)ပွဲကစားပြီးနောက် (၁)မှတ်လေး ရှာဖွေထားနိုင်တဲ့အထိ အခြေအနေ ဆိုးရွှားနေတဲ့ ဆီဗီလာဟာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွှားဆုံး လာလီဂါ တာထွက် ဖြစ်နေခဲ့ရတဲ့အတွက် အသင်းဘက်က နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ထိ စဉ်းစားလာခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားနေပြီး ပိုချက်တီနိုကိုလည်း ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ Estadio Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Sevilla are lining up Mauricio Pochettino as their potential new boss

Photo Credit : The Sun

အာဂျင်တီးနားလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပေမယ့် ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေသလို ကမ်းလှမ်းလာမှုတွေထဲကမှ သူ့အတွက် အဆင်ပြေနိုင်မယ့် offer မျိုးကို လက်ခံသွားဖို့ပါ အစီအစဉ် ရှိနေပါတယ်။ နည်းပြဘဝအတွင်း အက်စပန်ညို ဆောက်သမ်တန် တော့တင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီအသင်းတွေမှာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးတဲ့ ပိုချက်တီနိုဟာ နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာဖို့ အဆင့်သင့် ဖြစ်နေပြီး ဆီဗီလာအသင်းသာ လက်ရှိနည်းပြ လိုပက်တယ်ဂီနဲ့ လက်တွဲဖြုတ်ပစ်လိုက်မယ်ဆိုရင်တော့ ပိုချက်တီနိုကို ဆီဗီလာနည်းပြသစ်အဖြစ် မြင်တွေ့လာရဖွယ် ရှိနေပါတယ်။လာလီဂါ နိုင်ပွဲပျောက်နေတဲ့ ဆီဗီလာအသင်းဟာ လာမယ့် ရက်ပိုင်းမှာလည်း ပရီးမီးယားလိဂ် ထိပ်တန်းကလပ် မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကို ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲမှာပါ ထပ်မံ ရလဒ်ဆိုးနိုင်ဖွယ် ရှိနေသလို မန်စီးတီးနဲ့ပွဲ ပြီးရင်လည်း အက်စပန်ညို ကိုပင်ဟေဂင် ဗီလာရီးယဲလ် အသက်လက်တီကိုတို့ ဒေါ့မွန်တို့နဲ့ပါ ဆက်တိုက် ဆုံတွေ့ရဦးမှာဖြစ်လို့ ဆီဗီလာအသင်းအတွက်က ရင်လေးစရာ အခြေအနေမျိုး ဖြစ်နေရပါတယ်။