မန်ချက်စတာ စီးတီးအသင်းဟာ အခု ဈေးကွက်အတွင်းမှာပဲ ပထမဆုံး ကစားသမား ခေါ်ယူဖြည့်တင်းမှုအဖြစ် လန်းစ်အသင်းက ဥဇဘက်ကစ္စတန် နောက်ခံကစားသမားလေး ခူဆာနော့ဗ်ကို ခေါ်ယူခဲ့ပြီး နောက်ထပ် ခံစစ်မှူးတစ်ဦးကိုပါ ထပ်မံ ခေါ်ယူကာ ခူဆာနော့ဗ် အသင်းဟောင်း လန်းစ်ဆီ အငှားချသွားဖို့ စီစဉ်နေပါတယ်။

မန်စီးတီးအသင်းက ဒီရာသီထဲ အဓိက ကွင်းလယ်လူ ရိုဒရီ ACL ထိသွားချိန်နောက်ပိုင်း အသင်းရလဒ်တွေက သိသိသာသာ ကျဆင်းသွားခဲ့ရတာကြောင့် ဇန်နဝါရီမှာ ကစားသမား ဖြည့်တင်းမှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ စီးတီးက ခံစစ်ကစားသမားတစ်ဦးကို တရားဝင် ခေါ်ယူထားနိုင်ခဲ့ပါပြီ။

Photo Credit : Manchester City FC

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ဥဇဘက် နောက်ခံကစားသမားလေး ခူဆာနော့ဗ်ဟာ လန်းစ်ကနေ စီးတီးအသင်းဆီကို ပေါင်(၃၄)သန်းနဲ့ ေြ့ပာင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြ်ိုင်ပွဲအတွက် ပထမဆုံးသော ဥဇဘက်ကစ္စတန် ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ စီးတီးကတော့ ခူဆာနော့ဗ်ကို ခေါ်ယူပြီးတာနဲ့ ဗစ်တာ ရီးစ်နဲ့ အိုမာ မာမွတ်ရှ်တို့ကိုပါ အသင်းဆီ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးက အေစီမီလန်ဆီ ပြောင်းရွှေ့တော့မယ့် အသင်းခေါင်းဆောင် ကိုင်း ဝေါ်လ်ကာနေရာအတွက် ဂျုဗင်တပ်စ်က ကမ်ဘီယာဆိုကို ခေါ်ယူသွားဖို့ ဆွေးနွေးနေသလို ဗယ်လာဒိုးလစ်က (၁၈)နှစ်အရွယ် နောက်ခံကစားသမားလေး ဂျူးမား ဘာ့ချ်ကိုပါ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပါသေးတယ်။

Photo Credit : The Sun

ဆီရီယာလီယွန် နိုင်ငံသား ခံစစ်ကစားသမားလေး ဘာ့ချ်ဟာ ဆွီဒင်ကလပ် ဆီရီယာလီယွန် ကလပ်အသင်း AIK Freetong ကနေ လာလီဂါကလပ် ဗယ်လာဒိုးလစ်မှာ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး မကြာခင်မှာပဲ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိတော့မှာပဲ ဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ဘာ့ချ်ကို ခေါ်ယူပြီးတာနဲ့ လန်းစ်အသင်းဆီ အငှားချပေးသွားဖို့ စီစဉ်မှာဖြစ်ပြီး လန်းစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြားမှာလည်း လာမယ့် အနာဂတ်အတွင်း အပြောင်းအရွှေ့တွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ လက်ရှိတော့ စီးတီးက လန်းစ်ကနေ ခေါ်ယူခဲ့တဲ့ ခူဆာနော့ဗ်ကို (၄)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့သလို လာမယ့်ပွဲစဉ်တွေထဲမှာပဲ စတင် အသုံးပြုလာနိုင်ပါတယ်။