မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ရိုဒရီကို မန်စီးတီးအသင်းဘက်က အသင်းမှာပဲ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့အတွက် စီစဉ်လျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ ဗီလာရီးယဲလ်အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၈မှာပဲ အသက်လက်တီကိုအသင်းဆီ ရောက်လာခဲ့ပေမယ့် တစ်နှစ်အကြာမှာ သူ့ကို မန်စီးတီးက စာချုပ်ဖျက်သိမ်းကြေး ပေါင် (၆၂.၆)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Goal

ဘောလုံးလောကရဲ့ holding midfielder တွေထဲ ကွင်းလယ်ခံစစ် ကစားသမားတွေထဲမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ဆိုရမယ့် ရိုဒရီဟာ မန်စီးတီးအတွက်သာမကပဲ စပိန်အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့ရပါတယ်။

မန်စီးတီးကလည်း သူတို့အသင်းရဲ့ ပွဲစဉ်တွေတိုင်းမှာ ရိုဒရီလို အသင်းအတွက် မပါမဖြစ် ကစားသမားကို အမြဲနေရာပေးလေ့ရှိပြီး အခုဆိုရင်လည်း ရိုဒရီကို သူ့ကစားသမားဘဝ အနားယူချိန်အထိ အသင်းမှာပဲ ဆက်လက် ရှိနေအောင်ပါ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေတာ ဖြစ်ပေမယ့်လည်း သူရဲ့ တစ်ပတ်လုပ်ခက ပေါင် (၁၈၀၀၀၀)သာ ရရှိနေတဲ့အတွက် ပေါင် (၃၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့ ဆောင်ရွက်လာခဲ့ပါတယ်။

ရိုဒရီကိုယ်တိုင်ကလည်း မန်စီးတီးအသင်းမှာ ပျော်ရွှင်လျက် ရှိနေပြီး တကယ်လို့ တစ်ပတ်လုပ်ခ ပေါင် (၃၀၀၀၀၀)နဲ့သာ စာချုပ် သက်တမ်းတိုးလိုက်မယ်ဆိုရင် ရိုဒရီဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားတွေထဲမှာပါ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။