မန်ချက်စတာစီးတီးအသင်းရဲ့ ခံစစ်ကစားသမား ရူဘင်ဒီယက်စ်ကတော့ ကျင်းပ ပြီးစီးသွားပြီဖြစ်တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် မနေ့ညက လိဂ်ဖလားပွဲစဉ်ကို လွဲချော်ထားခဲ့ရသလို တစ်လခန့်လောက်လည်း ဆက်လက် အနားယူသွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : CNN

ဗဟိုခံစစ် ကစားသမား ဒီယက်စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ဆင်နွဲခဲ့ရင်းနဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ ပေါင်ဒဏ်ရာ စတင် ခံစားခဲ့ရပြီး မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဒဏ်ရာ ရှိနေလျက်နဲ့ ဝင်ကစားခဲ့ပေမယ့် ကမ္ဘာ့ဖလားအပြီး စီးတီးနဲ့ ပြန်လည် ပူးပေါင်းချိန်ကတည်းက လေ့ကျင့်ခန်း မဆင်းနိုင်သေးပဲ ဖြစ်နေရပါတယ်။ ဒီအခြေအနေကြောင့် ဒီယက်စ်ဟာ မနေ့ညက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်ကို လွဲချော်ခဲ့ရသလို တစ်လနီးပါးလောက်အထိပါ ထပ်မံ အနားယူသွားရဖွယ် ရှိနိုင်တယ်လို့ Sportsmail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ အဆင့်(၂)နေရာ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်နဲ့ လိဂ်ဖလားမှာ ကွာတားအဆင့်တွေဆီ တတ်လှမ်းထားခဲ့ရပြီး ကမ္ဘာ့ဖလားအပြီးမှာလည်း ပွဲတွေ ဆက်တိုက် ပြွတ်သိပ်အောင် ကစားရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ မန်စီးတီးရဲ့ အဓိက နောက်ခံကစားသမား ဒီယက်စ်အနေနဲ့ တစ်လလောက်သာ နားရမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းနဲ့ ဆက်တိုက် ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ အက်အေဖလားပွဲအပြင် ယူနိုက်တက်နဲ့ ကစားသွားရမယ့် မန်ချက်စတာဒါဘီပွဲတွေလို အရေးတကြီး ပွဲစဉ်တွေကိုပါ လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ခံစစ်ပိုင်းက right-back ကစားသမား ကိုင်လ်ဝေါ်ကာဟာလည်း ကြံခိုင်မှု မပြည့်ဝသေးတာကြောင့် အနားပေးထားရသေးတာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ဆယ်ကျော်သက် ကစားသမားလေး ရီကိုလူးဝစ်ကို နေရာပေးခဲ့ရပါတယ်။ ဒီနွေမှ လိဒ်စ်ယူနိုက်တက်ကနေ ခေါ်ယူထားခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကတော့ ဒဏ်ရာကနေ ပြန်လည် သက်သာနေပြီ ဖြစ်ပေမယ့် fitness ပိုင်းမှာတော့ အကောင်းဆုံး အနေအထားကို မရောက်ရှိသေးဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက မှတ်ချက်ပြု ပြောကြားထားခဲ့ပါတယ်။