ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ကစားသမား တဦး ဖြစ်သူ ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် အသင်းကို သွေးသစ်လောင်းမှုတွေ လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပြီး ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဖိုဖာနာ ၊ ကူကူရယ်လာ ၊ စတာလင်း ၊ ချူဟွေမီကာ ၊ ကူလီဘလီ ၊ အူဘာမီယန်း ၊ ဆလိုနာနီ ၊ ဇာကာရီယာ (အငှား) စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့သလို ယခု ဆောင်းဈေးကွက် အတွက် ဒေးဗစ် ဖိုဖာနာလို လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူထားပါသေးတယ်။

Photo Credit: Football London

ဒါ့အပြင် ချယ်လ်ဆီးက ဆောင်းဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမား အင်အားကို ထပ်မံ တိုးချဲ့ဖို့ စီစဉ်ထားဆဲ ဖြစ်ပြီး ဘင်ဖီကာ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော်နဲ့ ခေါ်ယူဖို့လည်း ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ကို ယူရို ၁၀၀သန်းကျော် ပေးချေကာ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ ပစ်မှတ် ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကိုပါ ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။

Photo Credit: Football London

အာဆင်နယ်က ရှက်တာဒိုးနက် လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ခေါ်ယူဖို့ ရှက်တာဒိုးနက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ရှက်တာဒိုးနက်ဘက်က အာဆင်နယ်ရဲ့ မူဒရစ်ခ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၆၅သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားပါတယ်။

ရှက်တာဒိုးနက်က မူဒရစ်ခ် အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း ဝန်းကျင် အထိ လိုချင်နေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံတိုက်စစ် အတွက် မူဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ကာ မူဒရစ်ခ်အတွက် ရှက်တာဒိုးနက်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ်လည်း ရှိပါတယ်။