ချယ်လ်ဆီးအသင်းဟာ မနေ့က မိုနာကိုအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားလေး ဘာဒီအက်ရှီလီကို ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ခေါ်ယူလိုက်ပြီးတဲ့နောက် အခုနှစ် ဘောလုံးရာသီအတွင်း ချယ်လ်ဆီးတို့ ခေါ်ယူထားခဲ့တဲ့ ခံစစ်ကစားသမားတွေအတွက် အသုံးစရိတ်က စုစုပေါင်း ပေါင်သန်း(၂၀၀)အထိ ရှိလာခဲ့ရပါတယ်။

Chelsea announce Benoit Badiashile signing in £35m deal for 21-year-old defender | Daily Mail Online

Photo Credit : Daily Mail

ဘောလုံးရာသီ တစ်ရာသီအတွင်းမှာပဲ ခံစစ်ပိုင်းအတွက် ပေါင်သန်း(၂၀၀)အထိ အသုံးပြုခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကနေ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအထိ ဂိုးသမားနဲ့ ခံစစ်ကစားသမားများအတွက် ချယ်လ်ဆီး သုံးစွဲခဲ့တဲ့ အသုံးစရိတ် စုစုပေါင်းဟာ ပေါင်(၃၅၅.၆)သန်းအထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Youtbue

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ
(ဂိုး)ကယ်ပါအာရီဇာဘယ်လာဂါ – ပေါင်(၇၁.၆)သန်း
(ဂိုး)ရော့ဘ်ဂရင်း – အလွတ်
၂၀၂၀-၂၀၂၁ ဘောလုံးရာသီ
ဘင်ချီဝဲလ် – ပေါင်(၅၀)သန်း
သီယာဂိုဆေးလ်ဗား – အလွတ်
မာလန်ဆား – အလွတ်
(ဂိုး)အက်ဒွါမန်ဒီ – ပေါင်(၂၂)သန်း
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ
(ဂိုး)မားကပ်စ်ဘတ်တင်နယ်လီ – အလွတ်
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ
ဝက်စလေဖိုဖားနား – ပေါင်(၇၀)သန်း
မာ့စ်ကူကူရယ်လာ – ပေါင်(၆၂)သန်း
ကာလီဒိုကူလီဘလီ – ပေါင်(၃၃)သန်း
ဘန်နွိုက်ဘာဒီအက်ရှီလီ – ပေါင်(၃၅)သန်း

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဗဟိုခံစစ်နေရာအတွက် ဖိုဖားနားနဲ့ ကူလီဘလီတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဖိုဖားနားက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလို ဗဟိုခံစစ် ကစားသမား ဘာဒီအက်ရှီလီကို ထပ်မံ ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီ တစ်ရာသီတည်းမှာပဲ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် ကစားသမား(၃)ဦး ခေါ်ယူမှုအဖြစ် ပေါင်(၁၃၈)သန်းအထိကို သုံးစွဲထားခဲ့ပါတယ်။