နောက်ခံလူတွေဖြစ်တဲ့ ခရစ္စတန်ဆန် ရူဒီဂါတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရပြီး နောက်ခံအစွန်လူတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ကိုပါ ဆုံးရှုံးရဖွယ် ရှိနေပြန်တဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းကို အားဖြည့်သွားဖို့အတွက် နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံကစားသမား ကူလီဘလီကို တစ်နှစ်လုပ်ခ ပေါင်(၈.၅)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြသွားခဲ့ပါတယ်။

Kalidou Koulibaly: Barca? I can't say more, I can't lie

Photo Credit : SPORT

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ခံစစ်ပိုင်းအတွက် ခံစစ်ကစားသမား အများအပြားကို ပစ်မှတ်ထားနေပြီး ခံစစ်ကစားသမားတွေ အများစုနဲ့လည်း သတင်းထွက်နေသလို လက်ရှိမှာလည်း နာပိုလီအသင်းရဲ့ ဆီနီဂေါအသင်းခေါင်းဆောင် ဗဟိုခံစစ်ကစားသမားကို ကူလီဘလီကို ကစားသမားနဲ့ personal agreed ရရှိနိုင်ဖို့အတွက် တစ်နှစ်လုပ်ခ ပေါင်(၈.၅)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။ အသက်(၃၀)အရွှယ်ရှိ ကူလီဘလီဟာ လက်ရှိ နာပိုလီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းသာ ရရှိနေပြီး နာပိုလီ အသင်းဥက္ကဌ ဒီလော်ရန်းတစ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုမှာပါ ကူလီဘလီရဲ့ တစ်ပတ်လုပ်ခက ပေါင်(၆၅၀၀၀)အထိကိုတောင် ကျဆင်းနေခဲ့ရပါတယ်။

Tottenham touch base with Koulibaly representatives to become intriguing  threat in Chelsea, Barcelona battle

Photo Credit : TEAMtalk

ကူလီဘလီဟာ နာပိုလီအသင်းဆီကို ၂၀၁၄ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၂၀၂၃ခုနှစ်ထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို့ အသင်းဘက်ကနေ ကူလီဘလီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆွေးနွေးမှုတွေက အဆင်မပြေ ဖြစ်နေတာကြောင့် ဒီအခြေအနေကို ချယ်လ်ဆီးအသင်းဘက်က အသုံးချသွားဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ချယ်လ်ဆီးအသင်းက ကူလီဘလီအတွက် တစ်ပတ်လုပ်ခ ပေါင်(၁၆၅၀၀၀)နဲ့ ကမ်းလှမ်းထားခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကူလီဘလီကို ချယ်လ်ဆီးအသင်းအပြင် ဘာစီလိုနာ ပီအက်စ်ဂျီအသင်းတွေကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး ဆီနီဂေါအသင်းဖော် ဂိုးသမား အက်ဒွါမန်ဒီကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းက ကူလီဘလီကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် နာပိုလီအသင်းကတော့ သူတို့ကစားသမား ကူလီဘလီကို သက်တမ်းတိုးဖို့ အဆင်မပြေလို့ မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုရင်တောင်မှ ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်းနဲ့ ကမ်းလှမ်းမှသာ လက်ခံသွားဖွယ် ရှိနေတယ်လို့ Gazzetta dello Sport ကနေ ဖော်ပြထားခဲ့ပါတယ်။