ပြီးခဲ့တဲ့ weekend ကမှ စီနီယာ ကစားသမားဘဝရဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် ကစားထားရသေးတဲ့ ဆယ်ကျော်သက် မြောက်အိုင်ယာလန် ဂိုးသမားလေး စတီဖန်မက်မူလန်ကို အက်စတွန်ဗီလာ နယူးကာဆယ်အသင်းတွေနဲ့အပြိုင် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Fleetwood Town
ဖလိဝုဒ်တောင်းအသင်းရဲ့ အသက် (၁၈)နှစ်အရွယ် ဂိုးသမားလေး မက်မူလန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အသင်းနဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားပေမယ့် မကြာသေးခင် လပိုင်းလောက်ကမှ နယူးကာဆယ်နဲ့ သတင်းတွေ ထွက်ပေါ်လာသလို အခုလည်း ချဲလ်ဆီးရဲ့ အာရုံစိုက်မှုပါ ရရှိလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိ ဂိုးသမားတွေဖြစ်တဲ့ ကယ်ပါ နဲ့ မန်ဒီတို့နှစ်ဦးက အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေရသလို ချယ်လ်ဆီး ပိုင်ရှင် ဘိုလေကလည်း အသင်းကို လူငယ် ကစားသမားတွေနဲ့ တည်ဆောက်သွားဖို့ ပြင်ဆင်နေတာကြောင့် အခုလို မက်မူလန်ကို မျက်စိကျလာရတာ ဖြစ်ပါတယ်။
Photo Credit : Belfast Telegraph
လက်ရှိ ချယ်လ်ဆီးအသင်းမှာ အဓိက ပါဝင်ကစားနေရတဲ့ ကယ်ပါ နဲ့ မန်ဒီတို့ နှစ်ဦးထဲကမှ ဂိုးသမား မန်ဒီက ဒဏ်ရာပြဿနာတွေ ကြုံတွေပြီးနောက် လက်စွမ်းပိုင်းတွေ ကျဆင်းလာခဲ့ရသလို ဒီရာသီ ပွဲအများစုမှာ ပါဝင်ထားခဲ့ရတဲ့ ကယ်ပါကလည်း လက်စွမ်းပိုင်း တည်ငြိမ်မှု နည်းပါးပြီး အမှားတချို့လည်း လုပ်ဆောင်တတ်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးက အင်တာမီလန် ဂိုးသမား အန်ဒရီအိုနာနာကို ခေါ်ယူချင်နေသလို လူငယ် ဂိုးသမားလေး မက်မူလန်ကိုပါ ခေါ်ယူ အားဖြည့်ထားချင်နေတာလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီး စိတ်ဝင်စားနေတဲ့ ဂိုးသမားလေး မက်မူလန်ဟာ ဖလိဝုဒ်တောင်း နဲ့ အမ်ကေဒွန်းအသင်းတို့ရဲ့ ပွဲစဥ်မှာ ဖလိဝုဒ်အတွက် ပထမဆုံးအကြိမ် ပါဝင် ကစားပေးခဲ့ရင်းနဲ့ clean sheet ပါ ရယူသွားနိုင်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ်ကမှ မြောက်အိုင်ယာလန် ကလပ် ဝါရန်းပွိုင့်ကနေ ဖလိဝုဒ်ကို ရောက်ရှိလာခဲ့တဲ့ မက်မူလန်က မြောက်အိုင်ယာလန် ယူ-19 အသင်းမှာပါ ပါဝင်ကစားနေရသူလည်း ဖြစ်ပါတယ်။