ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းနည်းပြ ရာထူးအတွက် အသင်းနဲ့ သတင်းအထွက်ဆုံး နည်းပြတစ်ဦးဖြစ်တဲ့ လူးဝစ်အင်းနရစ်နဲ့ ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိတော့ပဲ တခြား နည်းပြတွေဖြစ်သော နာဂယ်စမန်း ပိုချက်တီနိုတို့နဲ့ ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်လျက် ရှိနေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

ဘာစီလိုနာ နည်းပြဟောင်း အင်းနစ်ဟာ လွန်ခဲ့တဲ့ (၂)ပတ်ခန့်လောက်ကတည်းက လန်ဒန်ကို လာရောက်ကာ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာဘာ နောက်ထပ် ဆွေးနွေးခြင်း မရှိတော့ပဲ ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းနဲ့သာ သတင်းတွေ ပိုမို ထွက်ပေါ်လာခဲ့ရပါတယ်။ လက်ရှိမှာတော့ အင်းနရစ်အပြင် စပို့တင်းလစ္စဘွန်းရဲ့ နည်းပြ အမိုရင်မှာလည်း ချယ်လ်ဆီးနဲ့ သတင်းထွက်ခြင်း မရှိတော့ပဲ ချယ်လ်ဆီးကတော့ နောက်ထပ် free agent နည်းပြတွေဖြစ်ကြသော ပိုချက်တီနို နာဂယ်စမန်းတို့နဲ့သာ ချိတ်ဆက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေလျက် ရှိတယ်လို့ သိရပါတယ်။

Photo Credit : News Digiest

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်ခန့်လောက်ပဲ ပိုချက်တီနို နာဂယ်စမန်းတို့ အပါအဝင် အခြားသော နည်းပြတွေနဲ့ပါ အင်တာဗျူး လုပ်ဆောင်ခဲ့ပြီး ဒီနည်းပြတွေနဲ့လည်း ထပ်မံ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့ မျှော်လင့်လို့နေပါတယ်။ ကလပ်အသင်း အရင်းအမြစ်ကနေ ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ လက်ရှိအချိန်ထိ အသင်းနည်းပြ ရာထူးအတွက် ရေပန်းအစားဆုံး သူ ပေါ်ထွက်ထားခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။ လက်ရှိ အခြေအနေအရ ချယ်လ်ဆီးနဲ့ အင်တာဗျူးထားတဲ့ နည်းပြတွေထဲ ပိုချက်နဲ့ နာဂယ်စမန်းတို့က အလားအလာ အကောင်းဆုံး အနေအထားတွေမှာ ရှိနေကြပြီး နာဂယ်စမန်းကို ကစားသမားအပိုင်းက ပိုသဘောကျနေကြသလို ပိုချက်ကိုတော့ ချယ်လ်ဆီးရဲ့ ပိုင်ရှင်တွေက ပိုမို နှစ်သက်နေကြတယ်လို့လည်း သိရပါတယ်။

Photo Credit : The Telegraph

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းက ယာယီနည်းပြ ဖရန့်လမ်းပတ်နဲ့ အခု ဘောလုံးရာသီ အကုန်ထိ ဆက်လက် ဖြတ်သန်းလျက် ရှိနေပေမယ့် လမ်းပတ် ကိုင်တွယ်ထားတဲ့ ပွဲစဉ် (၄)ပွဲလုံးမှာတော့ အသင်းက ရှုံးပွဲတွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး လက်ကျန်ပွဲတွေမှာလည်း ပြိုင်ဘက်ကောင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရမှာဖြစ်လို့ ရုန်းကန်ရဖွယ် ရှိနေနိုင်ပါတယ်။