ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို လာမဲ့ နွေဈေးကွက်ထဲမှာပဲ အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ မျက်စိကျနေပြီး ရိုးမားအသင်းဆီ ရောင်းချခဲ့စဉ်ကတည်းက ပြန်ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းထားတာဖြစ်လို့ ပြန်ခေါ်ယူသွားဖြစ်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချဲလ်ဆီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချဲလ်ဆီး စီနီယာအသင်းမှာ နေရာမရခင်တုန်းက ဘရစ္စတိုးလ် ဆွမ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပါသေးတယ်။ ချဲလ်ဆီးအသင်းမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စတင် ကစားခွင့် ရရှိခဲ့ရင်း ကျောနံပါတ် (၉)ကိုပါ ဝတ်ဆင်ခဲ့ရသလို အဲ့ဒီ ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၁၉)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမဲ့ နောက်ရာသီမှာ အသင်းဆီ တီမိုဗာနာ ဟာဗက်ဇ်တို့လို တိုက်စစ်ကစားသမားတွေ ရောက်ရှိလာချိန်မှာ ပုံမှန် ကစားခွင့်တွေ နည်းပါးလာခဲ့သလို ဂိုးသွင်းစွမ်းရည်တွေပါ ကျဆင်းလာခဲ့ရတဲ့ အေဘရာဟမ်ဟာ ၂၀၂၁ခုနှစ်မှာပဲ ရိုးမားအသင်းဆီ ပြောင်းရွှေ့သွားခဲ့ရပြီး ချဲလ်ဆီးဘက်ကတော့ ပေါင်(၆၈)သန်းနဲ့ ပြန်လည် ခေါ်ယူနိုင်ခွင့်ပါ ထည့်သွင်းထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နယ်မြေသစ်ဖြစ်တဲ့ အီတလီ စီးရီးအေပြိုင်ပွဲဆီ ရောက်ရှိသွားခဲ့တဲ့ အေဘရာဟမ်ဟာ သူရဲ့ ရိုးမားကစားသမားဘဝ debut season အတွင်းမှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ဂိုးအထိ သွင်းယူပေးခဲ့တဲ့အပြင် အသင်းနဲ့လည်း ယူရိုပါကွန်းဖရန့်စ်လိဂ်ဖလားကိုပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Roma's English emperor: Ex-Chelsea star Abraham deserves another shot at lighting up the Premier League | Goal.com

Photo Credit : Goal

လက်ရှိအချိန်ထိ စီးရီးအေသွင်းဂိုး စုစုပေါင်း (၂၃)ဂိုး သွင်းယူထားနိုင်တဲ့ အေဘရာဟမ်ကို ချဲလ်ဆီးက သူတို့ ရိုးမားဆီ ရောင်းချစဉ်ကတည်းက ထည့်သွင်းထားခဲ့တဲ့ buy back clause ကိုပါ ပြန်လည် အသက်သွင်းသွားဖို့ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ လာမဲ့ နွေမှာ လူကာကူက အင်တာမီလန်နဲ့ အငှားစာချုပ်ပြည့်လို့ ချဲလ်ဆီးဆီ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အေဘရာဟမ်ကို ပြန်ခေါ်ဖို့ထက် လူကာကူ ကိစ္စကိုသာ အရင်ဆုံး ရှင်းလင်းရဖွယ် ရှိနေပါတယ်။