လတ်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ AI တစ်ခုဖြစ်သော Chat GPT ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းတလျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ယောက်နဲ့ အကောင်းဆုံး နည်းပြတစ်ယောက်တို့ကို ပေါင်းစပ်ပြီး ရွေးချယ်ထားတဲ့ 4-3-3 formation ကို အခြေခံထားသော All-time Premier League XI ကို ဖော်ပြပေးသွားချင်ပါတယ်။

Peter Schmeichel: Former Manchester United goalkeeper becomes latest critic  of Louis van Gaal's style | The Independent | The Independent

Photo Credit : The Independent

 

ဂိုးသမားနေရာမှာတော့ မန်ချက်စတာ နှစ်သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးပြီး အဓိက ယူနိုက်တက်မှာ ပိုမို လက်စွမ်းပြနိုင်ခဲ့တဲ့ ဒိန်းမတ် ဂိုးသမား ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ကို ရွေးချယ်ထားပါတယ်။

နောက်ခံလူ (၄)ဦးမှာတော့ မန်ယူနိုက်တက်က (၂)ဦးနဲ့ ချဲလ်ဆီးက (၂)ဦးစီ ရွေးချယ်ထားခဲ့ပါတယ်။ ညာနောက်ခံနေရာအတွက် ဂယ်ရီနဗီးလ် ဘယ်နောက်ခံနေရာအတွက် အက်ရှ်လေကိုးနဲ့ ဗဟိုခံစစ်နေရာတွေအတွက်ကတော့ ရီယိုဖာဒီနန် နဲ့ ဂျွန်တယ်ရီတို့ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အားလုံးက အင်္ဂလန် ခံစစ် ကစားသမားတွေ ဖြစ်နေပါတယ်။

Photo Credit : talkSPORT

ကွင်းလယ် ကစားသမား (၃)ယောက်အဖြစ် ယူနိုက်တက် ကွင်းလယ်လူ ပေါလ် စခိုး လီဗာပူးလ် ကွင်းလယ်လူ စတီဗင် ဂျရတ်နဲ့ အာဆင်နယ် ကွင်းလယ်လူ ပက်ထရစ် ဗီယာရာတို့ကို ရွေးချယ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားကောင်းတွေ ပေါများပေမယ့် Chat CPT ကတော့ ဒီ(၃)ဦးကိုသာ ရွေးချယ်ထားပါတယ်။

Photo Credit : GiveMeSport

တိုက်စစ်နေရာအတွက် ကစားသမား (၃)ဦးမှာတော့ နယူးကာဆယ် တိုက်စစ်မှူးကြီး အလန် ရှီးယား အာဆင်နယ် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီနဲ့ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ရွေးချယ်ခဲ့ပါတယ်။

Everyone felt important under Sir Alex' – Valencia offers first-hand  insight into Man Utd's fall from grace | Goal.com

Photo Credit : Goal

ဒီအကောင်းဆုံး အသင်းကို ကိုင်တွယ်ဖို့အတွက် အကောင်းဆုံး နည်းပြအဖြစ် ယူနိုက်တက်ရဲ့ legend နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကို ရွေးချယ်ထားခဲ့ပါတယ်။