လီဗာပူးလ်အသင်းရဲ့ နောက်ဆုံးမိနစ်နဲ့ ပီအက်စ်ဂျီကို အနိုင်ရခဲ့ခြင်းဟာ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး လုယူမှုတွေထဲက တစ်ခုလို့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျေမီ ကာရေဂါက ဖော်ပြခဲ့ပြီး ဂိုးသမား အလီဆန် ဘက်ကာရဲ့ အံ့မခန်း စွမ်းဆောင်ရည်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
ဒီပွဲမှာ အိမ်ရှင်အသင်းက တစ်ပွဲလုံး လွှမ်းမိုးနိုင်ခဲ့ပြီး လီဗာပူးလ်ဘက်ကိုပါ ဖိအားပေးနိုင်ခဲ့သလို ဂိုးကန်ချက်ပေါင်း (၂၇)ကြိမ် ဂိုးပေါက်တည့်ကန်ချက် (၁၀)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးလ် ဂိုးသမား အလီဆန်ရဲ့ လက်စွမ်းပြမှုကြောင့်သာ ဂိုးမရခဲ့ဘဲ ပွဲပြီးခါနီး မိုဟာမက် ဆာလာနေရာမှာ ဝင်ကစားလာတဲ့ အဲလ်လိယော့တ်က လီဗာပူးလ်အတွက် အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။
Photo Credit : Goal
လီဗာပူးလ်က ဒီပွဲမှာ ဂိုးကန်ချက် (၂)ကြိမ်နဲ့ ဂိုးပေါက်တည့်ကန်ချက်က (၁)ကြိမ်လေးသာ ရှိခဲ့ပြီး အဲ့ဒီ shot on target ကနေမှ အနိုင်ဂိုးကို ရရှိလိုက်တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး CBS Sports မှာ pundit အဖြစ် ဆောင်ရွှက်နေတဲ့ လီဗာပူးလ် ခံစစ်မှူးဟောင်း ကာရေဂါက “ဒါဟာ ဘောလုံးမှာ မြင်ရမယ့် အကြီးမားဆုံး လုယူမှုတွေထဲက တစ်ခုပါ။”
“ကျွန်တော် အခုလေးတင် မြင်ခဲ့ရတာကို မယုံနိုင်ဘူး။ ပီအက်စ်ဂျီက လုံးဝ အထင်ကြီးလောက်စရာ ဖြစ်ခဲ့ပြီး လီဗာပူးလ်ကို အပြတ်အသတ် ဖိအားပေးခဲ့တယ်။ လီဗာပူးလ်က ဒီပြိုင်ပွဲမှာ နောက်ဆုံး ဖလားရခဲ့တဲ့ အချိန်တုန်းကလည်း အလီဆန် ဘက်ကာက အုပ်စုအဆင့် နောက်ဆုံးပွဲမှာ နာပိုလီ ဂိုးသွင်းနိုင်မယ့် ကာကွယ်ပေးခဲ့တဲ့ ကာကွယ်မှု တစ်ခုကြောင့်။ တကယ်လို့ နာပိုလီက အဲ့ဒီဂိုးသာ ရခဲ့ရင် လီဗာပူးလ်က ထွက်သွားရနိုင်တယ်။”
Photo Credit : The Mirror
“အဲဒါကို အမြဲတမ်း အဓိက အခိုက်အတန့် တစ်ခုအဖြစ် ပြန်ကြည့်ကြတယ်။ ဒီညက ကာကွယ်မှု တစ်ခုတည်း မဟုတ်ခဲ့ဘူး။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့တာ ငြင်းမရဘူး။ လီဗာပူးလ်က ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာဖိုပ အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုရင် အလီဆန်ရဲ့ ဒီစွမ်းဆောင်ရည်က နှစ်ပေါင်းများစွာ အမှတ်ရနေမှာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးလ် ဂိုးသမား အလီဆန်က ပီအက်စ်ဂျီအတွက် အတော်လေး ခြေစွမ်းပြသခဲ့တဲ့ ဂျော်ဂျီယာ တောင်ပံကစားသမား ခွာရတ်စကယ်လီယာရဲ့ ဂိုးကန်ချက်ပေါင်း (၄)ကြိမ်အထိတောင် အံ့မခန်း ကာကွယ်သွားခဲ့ပြီး ခွာရတ်စကယ်လီယာကလည်း အသင်းအတွက် ဂိုးသွင်းပေးခဲ့ပေမယ့် VAR နဲ့ စစ်ဆေးရာမှာ လူကျွံနေတာကြောင့် ဂိုးကို ပယ်ဖျက်ခံခဲ့ရပါတယ်။