ဒီနှစ်နွေဈေးကွက်ထဲမှာ မြောက်လန်ဒန် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ကြတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားတွေဖြစ်သော ဂါဘရီရယ်ဂျေဇူး နဲ့ ရစ်ချာလီဆန်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး လက်ရှိမှာ football pundit အဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက သူ့အမြင်ကို သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Arsenal vs Tottenham: Hotheads Gabriel Jesus and Richarlison to be let off  leash in fiery North London derby | The Sun

Photo Credit : The Sun

ဘရာဇီးလ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျေဇူးနဲ့ ရစ်ချာလီဆန်တို့ဟာ နွေဈေးကွက်အတွင်း အသင်း အပြောင်းအလဲ လုပ်ဆောင်ထားခဲ့ကြပြီး ဂျေဇူးက မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့သလို ရစ်ချာလီဆန်ကလည်း အဲဗာတန်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့ထားခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်က အခါးသီးဆုံး ပြိုင်ဘက်အသင်းတွေဆီကို အသီးသီး ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပြီး ဂျေဇူးက အာဆင်နယ်မှာ အစပိုင်း ပွဲစဉ်တွေအတွင်း ခြေစွမ်းပြခဲ့ပေမယ့် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသလို ရစ်ချာလီဆန်ကလည်း ဒဏ်ရာ ပြသာနာတချို့ကြောင့် ခြေစွမ်းပိုင်း မတည်ငြိမ်ပဲ ပွဲကစားခွင့်တွေလည်း နည်းပါးခဲ့ရသလို ပရီးမီးယားလိဂ်မှာပါ ဂိုး လုံးဝ မသွင်းနိုင်သေးပဲ ရှိနေပါတယ်။

Photo Credit : Youtube

ဒီကစားသမားနှစ်ဦးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ကာရေဂါက “စပါးအသင်းက အာဆင်နယ်အသင်းထက် သာလွန်နေစေဖို့အတွက် ရာသီအစမှာကတည်းက ပြင်ဆင်နေခဲ့တယ်။ ဒါကြောင့် သူတို့က ဘရာဇီးလ်မှာ နံပါတ်(၉)နေရာ ကစားတဲ့ ရစ်ချာလီဆန်ကို back-up တိုက်စစ်ကစားသမားအဖြစ် ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တယ်။ အာဆင်နယ်ကလည်း ရစ်ချာလီဆန်ရဲ့ လက်ရွေးစင် အသင်းဖော် ဂါဘရီရယ်ဂျေဇူးကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူခဲ့တယ်။ ဘယ်အသင်းက ကောင်းမွန်တဲ့ ခေါ်ယူမှုကို လုပ်ဆောင်ခဲ့သလဲ။ စပါးအသင်းက ရင်းနှီးမြှပ်နှံမှု အပိုင်းမှာ မနည်းပါးခဲ့ပေမယ့်လည်း ညံဖျင်းသော ဘောလုံး ဆုံးဖြတ်ချက်တွေနဲ့ တသမတ်တည်း မဟုတ်တဲ့ စွမ်းဆောင်မှုတွေတွေကြောင့် အာဆင်နယ်အသင်းရဲ့ နောက်ကို ရောက်သွားခဲ့ရတယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီရာသီမှာ အသင်းသစ်တွေဆီ ရောက်ရှိလာခဲ့တဲ့ ဂျေဇူး နဲ့ ရစ်ချာလီဆန်တို့နှစ်ယောက်မှာ ရစ်ချာလီဆန်က ဂျေဇူးထက် ပွဲအရေအတွက် ပိုကစားထားရပေမယ့် ပွဲအများစုမှာတော့ လူစားလဲ ကစားသမားအဖြစ်သာ ကစားထားရသလို ဂိုးမသွင်းနိုင်သေးပဲ ဂိုးဖန်တီးမှု (၄)ကြိမ်သာ လုပ်ဆောင်ထားနိုင်ပါတယ်။ ဂျေဇူးကတော့ အာဆင်နယ်အတွက် (၁၅)ပွဲကစား (၅)ဂိုးသွင်း (၆)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။