အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာဟာ နွေရာသီတုန်းက သူ့ကို အာဆင်နယ်အသင်းဆီ ခေါ်ယူမှုမှာ အလွန် ထူးဆန်းတဲ့နည်းလမ်းနဲ့ အသင်းဆီ ရောက်လာအောင် ဆွဲဆောင်ခဲ့ကြောင်း နောက်ခံကစားသမား ရီကာဒို ကာလာဖီအိုရီက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာဟယာ အာဆင်နယ် နည်းပြအဖြစ် တာဝန်ယူစဉ်အတွင်း ကစားသမားတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေဖို့အတွက် ထူးခြားတဲ့ ဒါမှမဟုတ် သမားရိုးကျ မဟုတ်တဲ့ နည်းဗျူဟာတွေကို အကောင်အထည်ဖော်တတ်ကြောင်း လူသိများပါတယ်။ တစ်ချိန်ကဆိုရင်လည်း ကစားသမားတွေရဲ့ အခြေအနေ အသိအမြင်ကို မြှင့်တင်ဖို့အတွက် ခါးပိုက်နှိုက်သူတွေကို ငှားရမ်းခဲ့ဖူးပါတယ်။

Photo Credit : Arsenal Insider

အာတီတာရဲ့ ထူးဆန်းတဲ့နည်းလမ်းတွေထဲမှာ ‘Win’ လို့အမည်ရတဲ့ ခွေးတစ်ကောင်ကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲကို ခေါ်ဆောင်လာခြင်းနဲ့ ကြီးထွားမှုနဲ့ ခံနိုင်ရည်ကို ကိုယ်စားပြုတဲ့ သက်တမ်း (၁၅၀)နှစ်ရှိ သံလွင်ပင်ကို စိုက်ပျိုးခြင်းတို့ ပါဝင်ပါတယ်။ အသက်(၄၂)နှစ်အရွယ် နည်းပြချုပ်ဟာ ၂၀၁၉ ခုနှစ်မှာ တာဝန်စတင်ချိန်ကတည်းက ကစားသမားတွေကို တိုးတက်အောင် လုပ်ဆောင်ရာမှာ သေချာပေါက် အောင်မြင်ခဲ့ပြီး ထိပ်တန်း ကစားသမားတွေကို အသင်းဆီ ခေါ်ယူပြီး အသင်းရဲ့ ပရောဂျက်မှာ ပါဝင်ဖို့ ဆွဲဆောင်ရာမှာလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင်(၄၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကာလာဖီယိုရီက ပြီးခဲ့တဲ့ ဇူလိုင်လမှာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှ သူ့ကို အသင်းကဆီ ရောက်လာအောင် အာတီတာက ဘယ်လိုဆွဲဆောင်ခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်ဆီကို ဘာကြောင့်ရောက်လာတာလဲလို့ မေးတဲ့အခါ နောက်ခံလူက အီတလီမီဒီယာ Rivista Undici e Cronache ကို ပြောကြားခဲ့ပါတယ်။ “ပထမဆုံး စိတ်ထဲပေါ်လာတာက စနစ်တကျ စီစဉ်ထားခြင်းပါပဲ။ သူတို့က ကစားသမားတစ်ဦးချင်းစီကို ကွင်းထဲမှာရော အထူးသဖြင့် ကွင်းပြင်ပမှာပါ ရှုထောင့်ပေါင်းစုံကနေ ဘယ်လောက်ဂရုစိုက်လဲဆိုတာပါပဲ။”

Photo Credit : Football Transfer

ဓအာတီတာနဲ့ပတ်သက်ရင် သူက ကျွန်တော့်အကြောင်းကို သိရှိဖို့ ဘယ်လောက် ဂရုစိုက်လဲဆိုတာကို ကျွန်တော် ချက်ချင်း သဘောကျမိပါတယ်။ တစ်နေ့မှာ ဖုန်းပြောနေတုန်း သူက ကျွန်တော့်မိသားစုရဲ့ ဓာတ်ပုံတချို့ကို ပို့ပေးပြီး မိသားစုဝင်တစ်ဦးစီက ကျွန်တော့်အတွက် ဘာကိုဆိုလိုတာလဲလို့ ပြောခိုင်းပါတယ်။ ဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးပါဘူး၊ ဒါတစ်ခုတည်းနဲ့ သူက ကျွန်တော့်ကို ဆွဲဆောင်ခဲ့တယ်လို့ မပြောပါဘူး၊ ဒါပေမယ့် ဒါက အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုကို သေချာပေါက် ကိုယ်စားပြုပါတယ်။”

ကာလာဖီယိုရီဟာ ဒဏ်ရာတွေကြောင့် ရာသီတစ်ခုလုံး အနည်းငယ် ထိခိုက်ခဲ့ရပေမယ့် ဘယ်နောက်ခံလူဟာ ပြိုင်ပွဲစုံ (၂၆)ပွဲမှာ အာဆင်နယ်အသင်းအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အောင်မြင်မှုရရှိနေတဲ့ ကြယ်ပွင့် မိုင်လ်စ် လူးဝစ်-စကဲလီနဲ့ အိုလက်ဆန်ဒါ ဇင်ချန်ကိုတို့နဲ့အတူ နေရာကို မျှဝေခဲ့ပါတယ်။ ကာလာဖီယိုရီရဲ့ ဒီရာသီအတွင်း အထူးခြားဆုံး အခိုက်အတန့်က အီတီဟတ်မှာ မန်စီးတီးအသင်းနဲ့ ၂-၂ သရေကျအောင် ဂန်းနားအသင်းကို ကူညီပေးခဲ့တဲ့ အံ့မခန်း ချေပဂိုးကို သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။