ဒီနွေဈေးကွက်မှ ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီ မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုက မကြာခင်မှာပဲ သူ့ကို ဘရိုက်တန်မှာတုန်းကလို ပုံစံမျိုး ပြန်လည် မြင်တွေ့ရတော့မယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီကွေဒေါ လက်ရွေးစင် ကိုင်စီဒိုဟာ ဘရိုက်တန်နဲ့အတူ ပရီးမီးယားလိဂ်မှာ အရမ်း တောက်ပလာရင်း ဒီနွေမှတော့ သူ့ကို ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ယူရို (၁၁၆)သန်းနဲ့ အရ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Evening Standard

ကိုင်စီဒိုဟာ လက်ရှိ သူရဲ့အသင်းသစ် ချယ်လ်ဆီးမှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ ဘရိုက်တန်မှာတုန်းကလို စွမ်းဆောင်ရည်မျိုး ပြန်လည် ပြသနိုင်အောင် အသေအချာ ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

“အရင်က မွိုက်စ် ကိုင်စီဒိုပုံစံ ပြန်ရလာပါတော့မယ်။ ချယ်လ်ဆီးအသင်းအတွက် နိုင်ပွဲတွေ ရယူပေးရင်း ပျော်ရွှင်မှုတွေကို ဆောင်ကြည်ပေးသွားပါမယ်။ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ အခိုက်အတန့်တွေ ပြန်ရလာတော့မယ်ဆိုတာကို သိထားလို့ပါပဲ။”

Photo Credit : Fabrizio Romano

“ပြီးတော့ ကျွန်တော် စိတ်ဓါတ် ကြံခိုင်နေဖို့လည်း လိုအပ်ပါတယ်။ နည်းပြ ပိုချက်တီနိုကလည်း ကျွန်တော့်ကို အမြဲတမ်းလိုလို အားပေး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးပါတယ်။” လို့ ကိုင်စီဒိုက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ကိုင်စီဒိုဟာ ဒီနှစ်နွေမှာ လီဗာပူးလ်အသင်းဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ရပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ ကြားဖြတ် ကမ်းလှမ်းလာချိန်မှာတော့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်သွားခဲ့ပြီး ဒါဟာလည်း ချယ်လ်ဆီးက သူငယ်စဉ်ကတည်းက အားပေးလာခဲ့ရတဲ့ အသင်း ဖြစ်နေတာကြောင့်လို့ ကိုင်စီဒိုက ရှင်းပြသွားခဲ့ပါတယ်။