ဘရိုက်တန်အသင်းက အသင်းရဲ့ ထိပ်တန်း ကစားသမားတွေကို ဘယ်လောက်ပဲ ရောင်းချ ရောင်းချ ဒီကစားသမားတွေရဲ့ နေရာကို အစားပြန်ဝင်လာနိုင်မယ့် ကြယ်ပွင့် ကစားသမားလေးတွေကိုလည်း ပြန်လည် ဖြည့်တင်းနိုင်တဲ့ အစဉ်အလာတွေ ရှိနေတက်ပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာပဲ ဘရိုက်တန်က ကူကူရယ်လာ ထရိုဆက်ဒ် မက်အယ်လစ္စတာ ကိုင်စီဒိုတို့လို ကစားသမားကောင်းတွေကို ကလပ်အသင်းကြီးတွေဆီ လက်လွတ်ခဲ့ရပြီး များမကြာမီမှာလည်း မိတိုမာ နဲ့ အီဗန်ဖာဂူဆန်တို့လို ကြယ်ပွင့်တွေကို ထပ်မံ လက်လွတ်သွားရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Mundo Albiceleste

ဒါပေမယ့် ဘရိုက်တန်ရဲ့ ကင်းထောက်တွေ recircuit team တွေရဲ့ အလုပ်လုပ်ပုံတွေ ကောင်းမွန်မှုကြောင့် အသင်းအတွက် အရေးကြီးပါတယ်ဆိုတဲ့ ကစားသမားတွေ ဆုံးရှုံးတာတောင်မှ သူတို့နေရာအတွက် ပြန်လည် အစားထိုးနိုင်မယ့် ကစားသမားသစ်တွေကို ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပါတယ်။

အခုလည်း ဘရိုက်တန်အသင်းဟာ အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်အမေရိက ကြယ်ပွင့် ကစားသမားလေးဖြစ်သူ ဗယ်လင်တင် ဘာကို ကို ပြောင်းရွှေ့ကြေး ပေါင် (၇.၈)သန်းတည်းနဲ့ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Mundo Albiceleste

ဘယ်ခြေ အားသန်တဲ့ အာဂျင်တီးနား ဆယ်ကျော်သက် ကစားသမားလေး ဘာကိုဟာ ကွင်းလယ် ဘယ်ခြမ်း နဲ့ ဘယ်နောက်ခံနေရာတွေမှာ ကစားနိုင်သူဖြစ်ပြီး နာမည်ကြီး ဘောလုံး မန်နေဂျာဂိမ်းတစ်ခုဖြစ်တဲ့ Football Manager 24 ထဲမှာ gamers တွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိနေသူလည်း ဖြစ်ပါတယ်။

ဂိမ်းထဲမှာသာမကပဲ ပြင်ပမှာပါ ခြေစွမ်းပြသထားနိုင်တဲ့ ဘာကိုက မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုပါ ရရှိခဲ့ပေမယ့််လည်း ဒါကို ဘရိုက်တန်ဘက်က လက်ဦးမှု ရယူဖို့အတွက် အလျင်အမြန် ကြိုးပမ်းခဲ့ရာ အခုဆိုရင် ဘရိုက်တန်အသင်းဆီ (၄)နှစ်ခွဲ + ထပ်တိုး (၁)နှစ်စာချုပ်တို့နဲ့ ပြောင်းရွှေ့ ရောက်ရှိနိုင်တော့မှာပဲ ဖြစ်ပါတယ်။