ဘရိုက်တန်အသင်းကတော့ အာဆင်နယ် ချယ်လ်ဆီးအသင်းတို့ရဲ့ ပစ်မှတ် ကစားသမား မိုဟာမက် ကူဒက်စ်ကို ခေါ်ယူဖို့အတွက် အေဂျက်စ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ဒါကြောင့် ဘရိုက်တန်က အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ကူဒက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့ပြီး ကူဒက်စ်ဘက်ကသာ လက်ခံမယ်ဆိုရင်တော့ ဘရိုက်တန်အနေနဲ့ ကစားသမားကောင်းတစ်ဦးကို ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Football London
အသင်းကနေ ကစားသမားကောင်းတွေကို နှစ်စဉ်တိုင်း ရောင်းချမှုတွေ ပြုလုပ်ရပေမယ့်လည်း အသင်းအတွက်ကို စဉ်ဆက်မပြတ် ဆက်လက် ရှာဖွေနိုင်တဲ့ ဘရိုက်တန်က မက် အယ်လစ္စတာလို talented player မျိုးကို လက်လွတ်ထားရပေမယ့် ကူဒက်စ်လို နေရာစုံ ကစားနိုင်တဲ့ ကြယ်ပွင့်တစ်ဦးကို ပြန်ရဖို့ နီးစပ်နေတာက ဘရိုက်တန်အတွက် တကယ် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။
ဘရိုက်တန်က ကူဒက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို အေဂျက်စ်ဘက်က သဘောတူလိုက်တာကြောင့် ဘရိုက်တန်အနေနဲ့ ကူဒက်စ်နဲ့သာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရအောင် ဆက်လက် ညှိနှိုင်းသွားရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
ဘရိုက်တန်အသင်းက လက်ရှိမှာ အယ်လစ္စတာ ရောဘတ်ဆန်းချက်ဇ်တို့ကို လက်လွတ်ထားခဲ့ရပြီး ကိုင်စီဒိုကိုပါ ဆက်လက် ဆုံးရှုံးရဖွယ် ရှိနေပေမယ့်လည်း ဒါဟု မီနာ အီဂေါ ဂျာအိုပတ်ဒရိုတို့လို ကစားသမားကောင်းတွေ ပြန်လည် အားဖြည့်ထားသလို ဂါနာကြယ်ပွင့် ကူဒက်စ်ကိုပါ အရ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။
ကူဒက်စ်ဟာ အာဆင်နယ် ချယ်လ်ဆီးတို့အပြင် သူ့ဆရာဟောင်း တန်ဟက်ဂ်နဲ့ မန်ယူနိုက်တက်အသင်းရဲ့ ရေဒါထဲမှာပါ ပါဝင်နေသူ ဖြစ်ပေမယ့်လည်း ဘရိုက်တန်အသင်း ပရောဂျက်တွေကို ပိုမို သဘောကျနေတာဖြစ်လို့ ဘရိုက်တန်ဆီ ပြောင်းရွှေ့ဖို့သာ ခေါင်းညိတ်ဖွယ် ရှိနေပါတယ်။