ဘရန့်ဖို့ဒ်အသင်းဟာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ကလပ်ဘရုဂေး ဆယ်ကျော်သက် တောင်ပံကြယ်ပွင့်လေး အန်တိုနီယို နူဆာကို ခေါ်ယူဖို့အတွက် သဘောတူညီပါ ရရှိသွားခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ နော်ဝေ လူငယ်ကစားသမားလေး နူဆာဟာ ညာခြေသန် ဘယ်တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာလည်း ကလပ်ဘရုဂေးအသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲကစား (၄)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

၂၀၂၁ခုနှစ်ကမှ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ကလပ်ဘရုဂေးကို ရောက်ရှိလာခဲ့တဲ့ talented player ကစားသမား နူဆာကို ဥရောပ ထိပ်တန်း အသင်းကြီးတွေက တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့ကြပြီး စပါးအသင်းဆိုရင်လည်း နူဆာကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ မထင်မှတ်ထားတဲ့ အနေအထားနဲ့ ဘရန့်ဖို့ဒ်အသင်းက နူဆာကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပြီး နူဆာအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၃၀)တန် package အထိပါ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

Photo Credit : Football365

အပြောင်းအရွှေ့က ဖြစ်ပေါ်ဖို့ သေချာနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ချက်ချင်း အသင်းပြောင်းလိုက်ရင် သူရဲ့ ပွဲကစားခွင့်တွေ အကန့်အသတ် ရှိလာနိုင်တဲ့အတွက် လက်ရှိကလပ် ကလပ်ဘရုဂေးမှာပဲ ရာသီကုန်အထိ အငှားနဲ့ ဆက်လက် ကစားသွားဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် နူဆာဟာ လာမယ့် နွေမှသာ ဘရန့်ဖို့ဒ်အသင်းနဲ့ စတင် ပူးပေါင်းနိုင်မှာဖြစ်ပြီး ဘရန့်ဖို့ဒ်အနေနဲ့ကတော့ လုံးဝကို potential ရှိလာတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးကို ဥရောပ ထိပ်သီးအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့တာဟာ အားရစရာ ဖြစ်စေပါလိမ့်မယ်။