ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေက အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်နဲ့ တွဲဖက်ပေးဖို့အတွက် ဒက်ကလန်ရိုက်စ် ဘယ်လင်ဟမ် မွိုက်စ်ကိုင်စီဒိုတို့ကို အလိုရှိနေပေမယ့်လည်း ဒီကစားသမားတွေအတွက် ငွေကြေး သုံးစွဲမှု များစွာ အသုံးပြုရဖွယ် ရှိနေတာကြောင့် အရည်အချင်းရှိတဲ့ လူငယ် ကစားသမား တစ်ဦးဦးအတွက်ကိုပဲ ရင်းနှီးမြှပ်နှံဖွယ်သာ ရှိနေပါတယ်။

Photo Credit : Youtube

လတ်တလောမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ် လူငယ် ကွင်းလယ်ကစားသမားလေး မဲလ်နူကလော်ဒီယိုကိုနေးကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက်(၂၁)နှစ်အရွယ်သာ ရှိနေသးတဲ့ ကိုနေးဟာ ပဲရစ်အက်စ်စီ လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးဖြစ်ပြီး ကွင်းလယ်မှာ ကွင်းလယ်ခံစစ်ပိုင်း နေရာရော ကွင်းလယ်တိုက်စစ် နေရာပါ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit : TEAMtalk

၂၀၁၂ခုနှစ် ဆောင်းဈေးကွက်ကမှ မိုချန်ဂလာဘတ်ဆီကို ရောက်ရှိလာခဲ့တဲ့ ကိုနေးဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ (၅၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသွားခဲ့တဲ့ အင်္ဂလန် ယူ၂၁အသင်းနဲ့ ပြင်သစ် ယူ၂၁အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာလည်း ကိုနေးက ကွင်းလယ်ခံစစ်နေရာက ပါဝင်ကစားသွားရင်း duels (၆)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး (၆)ကြိမ်လုံး အောင်မြင်ခဲ့သလို အင်္ဂလန် ယူ၂၁အသင်းရဲ့ ကန်သွင်းချက် (၂)ကြိမ်ကိုလည်း ဟန့်တားနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကိုနေးက သူနဲ့ ကလပ်အသင်းဖော်ပါ ဖြစ် လာနိုင်တဲ့ ချဲလ်ဆီး နောက်ခံလူ ဘာဒီအက်ရှီလီနဲ့ တွဲဖက် ကစားခဲ့ပါသေးတယ်။

Photo Credit : TEAMtalk

ဂျာမနီအခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြချက်တွေအရ ပြင်သစ် ကွင်းလယ်လူ ကိုနေးကို သူရဲ့ မွေးရပ်မြေက ကလပ်အသင်း ပီအက်စ်ဂျီနဲ့ မန်ယူနိုက်တက်အသင်းတွေ စိတ်ဝင်စားနေတဲ့အပြင် ဘိုလေကလည်း သူရဲ့ ချဲလ်ဆီးအသင်းဆီ အရ ခေါ်ဆောင်သွားချင်နေလို့ ကိုနေးရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။ လက်ရှိမှာ ကိုနေးရဲ့ တန်ကြေးက ယူရိုသန်း(၃၀)လောက်သာ ရှိနေတဲ့အတွက် ဘယ်လင်ဟမ် ရိုက်စ် ကိုင်စီဒိုတို့ထက်ကို ပိုမို ဈေးသက်သာနိုင်ဖွယ် ရှိနေပါတယ်။