ပရီးမီးယားလိဂ် ဝါရင့်နည်းပြဟောင်းကြီး ဆမ်အလာဒိုက်က နယူးကာဆယ်အသင်းအနေနဲ့ လက်ရှိနည်းပြ အက်ဒီဟောင်းနေရာမှာ စပယ်ရှယ်ဝမ်း နည်းပြ ဂျိုဆေး မော်ရင်ဟိုကို အစားထိုး ခန့်အပ်လိုက်သင့်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

နာမည်ကြီး ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရပေမယ့် ကမ္ဘာပေါ်က ဘောလုံးကလပ်တိုင်းလိုလို မော်ရင်ဟိုလို နည်းပြမျိုးကို သူတို့အသင်းဆီ ခေါ်ဆောင်ချင်နေကြပြီး မော်ရင်ဟိုကိုယ်တိုင်ကလည်း အသင်းသစ် တစ်သင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ မော်ရင်ဟိုကို ဆော်ဒီကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ လုပ်ဆောင်လျက် ရှိနေကြပေမယ့် မော်ရင်ဟိုကတော့ သူရဲ့ နည်းပြအလုပ်ကို ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် လုပ်ဆောင်သွားချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း စောင့်ဆ်ိုင်းလျက် ရှိနေပါတယ်။

ဒီအချိန်မှာပဲ အခုနှစ် ဘောလုံးရာသီအကုန်မှာ နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်မယ့် အသင်းတွေက အများအပြား ရှိနေကြရာ ဒီထဲကမှ နယူးကာဆယ်အသင်းအနေနဲ့ လက်ရှိနည်းပြ အက်ဒီဟောင်းနေရာမှာ မော်ရင်ဟိုနဲ့ အစားထိုး ခန့်အပ်သင့်တယ်လို့ ဆမ်အလာဒိုက်က တိုက်တွန်းလိုက်ပါတယ်။

Photo Credit : TEAMtalk

မော်ရင်ဟိုဟာ နယူးကာဆယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီးဖြစ်သူ ဆာ ဘော်ဘီ ရော့ဆင်နဲ့ လက်တွဲခဲ့ဖူးပြီး ဘော်ဘီ ရော့ဆင်ရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွှက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ ချယ်လ်ဆီး မန်ယူနိုက်တက်နဲ့ စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားသူပါ ဖြစ်နေပါတယ်။

နယူးကာဆယ်ရဲ့ လက်ရှိနည်းပြ အက်ဒီဟောင်းက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းက အခြေအနေဆိုးတစ်ခုမှာ ရောက်ရှိနေရတဲ့အတွက် နယူးကာဆယ်က ဒီရာသီအကုန်မှာပဲ အက်ဒီဟောင်းကို ရာထူးက ထုတ်ပယ်ဖို့ ရှိနေရာ အက်ဒီဟောင်းနဲ့သာ လက်တွဲဖြုတ်ခဲ့ရင် ဘော်ဘီ ရော့ဆင်ရဲ့ တပည့်ကျော် မော်ရင်ဟိုကိုသာ ခန့်အပ်ဖို့ Big Sam က တိုက်တွန်းလိုက်ပါတယ်။