ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်လို ပွဲကြီးပွဲကောင်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်ရအောင်ဗျာ…။

Photo Credit: Mirror

ဘရန့်ဖို့ဒ်နဲ့ လီဗာပူး (စနေနေ့ည ၇နာရီ)

ကျွန်တော်က ဒီပွဲမှာ မထင်ထားတဲ့ ရလဒ်မျိုး ထွက်ပေါ်လာဖို့ မျှော်လင့်ထားပါတယ်။ ဘရန့်ဖို့ဒ်က လတ်တလောမှာ ရလဒ်တွေ မကောင်းထားပေမယ့် နောက်ဆုံးတခေါက်တုန်းက သူတို့ရဲ့ အိမ်ကွင်းမှာ လီဗာပူးကို အနိုင် ကစားထားပါတယ်။ ဒါကြောင့် သူတို့က နောက်ထပ်တကြိမ် အနိုင်ထပ်ယူဖို့ ကြိုးစားဦးမှာပါ။ လီဗာပူးရဲ့ ခံစစ်ကြောင်းကတော့ ယိုယွင်းနေပါတယ်။ အဲ့ဒီအချက်ကပဲ သူတို့ကို ဆုံးရှုံးမှုတွေ ဖြစ်စေပါလိမ့်မယ်။ အစောကြီး ကန်ရတာကလည်း ဒီပွဲအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီပွဲက သရေကျမယ့်ပွဲပါ။

ခန့်မှန်းရလဒ် – ဘရန့်ဖို့ဒ် ၁-၁ လီဗာပူး

Photo Credit: Sports Brief

စပါးနဲ့ ဝုလ်ဗ် (စနေနေ့ည ၉နာရီခွဲ)

စပါးက ပထမအကျော့မှာ ရှုံးခဲ့တာကို အမှတ်ရနေပါလိမ့်မယ်။ စပါးရဲ့နည်းပြချုပ်နဲ့ ကစားသမားတွေက အဲ့ဒီပွဲ အတွက် ဝုလ်ဗ်ကို ပြန်ပြီး လက်စားချေချင်နေပါလိမ့်မယ်။ ဆွန်ကလည်း ပြန်လာပါပြီ။ ဒါကြောင့် စပါးရဲ့ တိုက်စစ်က ပိုပြီး အားကောင်းနေပါလိမ့်မယ်။ ဒါကြောင့် စပါးကသာ တပွဲလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားမယ် ဆိုရင် နိုင်ပွဲ ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၁ ဝုလ်ဗ်

Photo Credit: Sports Brief

မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီး (စနေနေ့ည ၁၂နာရီ)

သူတို့ရဲ့နေ့မှာ ဆိုရင် မန်ချက်စတာ စီးတီးက သားရဲကောင်ပါပဲ။ သူတို့က ဘယ်လိုမျိုး ကစားရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ပြိုင်ဘက်က ဂိုးအရင် သွင်းခဲ့ရင်တောင် စီးတီးရဲ့ ကစားပုံက မပြောင်းသွားပါဘူး။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းက ကြံ့ခိုင်သလို ဂိုးတွေ ဘယ်လိုသွင်းရမလဲ ဆိုတာကိုလည်း ကောင်းကောင်း သိပါတယ်။ စီးတီးက လီဗာပူးရဲ့ အနောက်ကို အသည်းအသန် လိုက်နေရတာကြောင့် ဒီပွဲမှာ ချယ်လ်ဆီးကို လျှော့တွက်ပြီး ကစားမယ်လို့ မထင်ပါဘူး။ စီးတီးရဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်တာကြောင့် ကျွန်တော်ကတော့ စီးတီးက နောက်ထပ် နိုင်ပွဲ ၁ပွဲ ထပ်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ စီးတီး ၃-၁ ချယ်လ်ဆီး

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဘန်လေ ၁-၃ အာဆင်နယ်

ဖူလ်ဟမ် ၁-၁ ဗီလာ

နယူးကာဆယ် ၂-၀ ဘုန်းမောက်

နော်တင်ဟမ် ဖောရက်စ် ၂-၂ ဝက်စ်ဟမ်း

ရှက်ဖီးလ် ယူနိုက်တက် ၂-၁ ဘရိုက်တန်

လူတန် ၁-၃ မန်ချက်စတာ ယူနိုက်တက်

အဲဗာတန် ၁-၀ ခရစ္စတယ် ပဲလေ့စ်