ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ စပါးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ တပတ်မှာ ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက် အများစု မှန်ကန်ခဲ့တာကြောင့် ဒီတပတ်မှာရော ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်ဦးမလား ဆိုတာကို စောင့်ကြည့်သွားရမှာပါ။

 

Photo Credit: Sky Sports

မန်စီးတီးနဲ့ ဝုဗ် (စနေနေ့ည ၇နာရီ)

ဝုဗ်အသင်းက လတ်တလောမှာ ခြေစွမ်းတွေ ကောင်းမွန်နေပေမယ့် မန်စီးတီးအသင်းက သူတို့ထက် ခြေစွမ်းပိုင်း အများကြီး ပိုကောင်းပါတယ်။ ဝုဗ်အသင်းက နောက်ဆုံးနှစ်တွေမှာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းတွေ ရရှိထားတာ မှန်ပေမယ့် ဒီတကြိမ်မှာ မန်စီးတီးအသင်းကပဲ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိသွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် – မန်စီးတီး ၃-၀ ဝုဗ်

Photo Credit: Sky Sports

အာဆင်နယ်နဲ့ ဆောက်သမ်တန် (စနေနေ့ည ၉နာရီခွဲ)

အာဆင်နယ်အသင်းက အဲဗာတန်နဲ့ပွဲစဉ်မှာ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီပွဲကြောင့် အာဆင်နယ်အသင်းရဲ့ ကစားသမားတွေ အနည်းနဲ့အများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့အသင်းက ဒီပွဲမှာ အနိုင်ရအောင် ပြန်လုပ်ဖို့ လိုအပ်နေပြီး ဒီပွဲကလည်း သူတို့ရဲ့ပွဲ ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။
ခန့်မှန်းရလဒ် – အာဆင်နယ် ၁-၀ ဆောက်သမ်တန်

Photo Credit: Sky Sports

လီဗာပူးနဲ့ ဗီလာ (စနေနေ့ည ၉နာရီခွဲ)

ဒီပွဲက ဂျာရတ်အတွက် အမှတ်တရ ဖြစ်မယ့် ပွဲတပွဲပါ။ သူက တနေ့မှာ လီဗာပူးအသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်ဖို့ ရည်မှန်းချက် ရှိတဲ့သူပါ။ ပြီးတော့ တချိန်မှာ သူက လီဗာပူးအသင်းရဲ့ နည်းပြ ဖြစ်လာမယ်လို့လည်း ယုံကြည်ထားပါတယ်။ လီဗာပူးအသင်းက ကလော့ပ်ရဲ့ လက်အောက်မှာ အရမ်းကို အားကောင်းနေပါတယ်။ ဂျာရတ်က ဗီလာအသင်းမှာ အဖွင့်လှနေတယ် ဆိုပေမယ့် ဒီပွဲမှာတော့ လီဗာပူးအသင်းကို ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ ဗီလာ

Photo Credit: Sky Sports

အခြားပွဲစဉ်များ အတွက် ခန့်မှန်းရလဒ်များ
ချယ်လ်ဆီး ၂-၀ လိဒ်ယူနိုက်တက်
နောဝှစ်ချ် ၀-၂ မန်ချက်စတာ ယူနိုက်တက်
ဘန်လေ ၂-၁ ဝက်စ်ဟမ်း
လက်စတာ ၁-၁ နယူးကာဆယ်
ခရစ္စတယ် ပဲလေ့စ် ၂-၁ အဲဗာတန်