ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားဟောင်းကြီး ကာရန် ဘန်ဇီမာက လက်ရှိမှာ ဘယ်ကလပ်အသင်းကမှ ရီးယဲလ်မက်ဒရစ်အသင်းထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခြုင်း မရှိဘူးလို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလား စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ အခု နွေရာသီထဲမှာလည်း ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေနဲ့ ဘရာဇီးလ် ကြယ်ပွင့်လေး အန်းဒရစ်တို့ကိုပါ ထပ်မံ ဖြည့်တင်းနိုင်ခဲ့တာကြောင့် ရီးယဲလ်ရဲ့ ကစားသမား အစုအဖွဲ့က ကြောက်ခမန်းလိလိ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Telemundo Deporte

ရီးယဲလ်က အသင်းရဲ့ ဝါရင့် ကစားသမားကြီးတွေဖြစ်တဲ့ တိုနီ ကရူးစ် ၊ နာချို ဖာနန်ဒက်ဇ်တို့ကို လက်လွတ်ထားခဲ့ရပေမယ့်လည်း ကွင်းလယ်မှာ မိုဒရစ်လည်း ရှိနေသေးသလို ကာမာဗင်ဂါ ချူအာမန်နီ ဗယ်လ်ဗာဒီ အာဒါဂူလာတို့လို ကစားသမားတွေ ရှိနေသလို ခံစစ်မှာလည်း ရူဒီဂါ အလာဘာ မီလီတာအို ကာဗာဟယ်တို့လို ထိပ်တန်းခံစစ်ကစားသမားတွေပါ ရှိနေပြန်ပါတယ်။

ဒါ့အပြင် ရီးယဲလ်အနေနဲ့ ဒီဈေးကွက်ထဲမှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖွယ်လည်း ရှိနေသေးတာကြောင့် ရီးယဲလ်ရဲ့ ကစားသမားအင်အားက ပိုလို့တောင် အင်အားကြီးလာဖွယ် ရှိနေပြီး ညာနောက်ခံနေရာအတွက် အလက်ဆန်းဒါး အာနိုးနဲ့ ဘယ်နောက်ခံနေရာအတွက် အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကိုပါ ချိန်ရွယ်နေပြန်ပါတယ်။

Photo Credit : Marca

ဒီလို အခြေအနေမှာ ရှိနေတဲ့ ရီးယဲလ်အသင်းအကြောင်းကို ကစားသမားဟောင်း ဘန်ဇီမာက “အံ့မခန်း ဘောလုံးရာသီပါပဲ။ အရမ်းကောင်းပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်း ဆိုတာက အမြဲတမ်း ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ ကစားသမားကောင်းတွေ ဘယ်လိုပဲ ထွက်ခွာသွားကြပါစေ ရီးယဲလ်မက်ဒရစ်က အမြဲတမ်း ထိပ်ဆုံးနေရာမှာ ရှိနေမှာပါ။”

ဓအကောင်းဆုံး အခြေအနေမှာ ဆက်ရှိနေတယ်ဆိုတာကိုလည်း သက်သေပြထားနိုင်ပါတယ်။ ရီးယဲလ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ဖြစ်ပြီးတော့ အမြဲတမ်း အင်အား တောင့်တင်းနေသလို ဆုဖလား အားလုံးအတွက်လည်း တိုက်ပွဲဝင်နေပါတယ်။ ဘယ်အသင်းကမှ ရီးယဲလ်အသင်းထက် ပိုကောင်းအောင်လာည်း မစွမ်းဆောင်နိုင်ဘူးလို့ ကျွန်တော် ပြောချင်တယ်။ သူတို့မှာက အရာအားလုံး ပိုင်ဆိုင်ထားပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။