ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားဖြစ်သူ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် သြဂုတ်လ (၆)ရက်မတိုင်ခင် အရ ခေါ်ယူနိုင်ဖို့အတွက် လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။

ဒီကနေ့ သောကြာနေ့မှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို လာရောက်ပြီး ဟယ်ရီကိန်း အပြောင်းအရွှေ့အတွက် စပါးဥက္ကဌ ဒန်နီရယ် လီဗီနဲ့ ဆွေးနွေးသွားဖို့ပါ စီစဉ်ထားပါသေးတယ်။

Photo Credit : Twitter

ဘိုင်ယန်မြူးနစ်က အသင်းရဲ့ အဓိက ကစားသမား ပိုလန် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ လက်လွတ်ပြီးနောက်ပိုင်း ဆာဒီယို မာနေးကို ပြန်လည် အားဖြည့်ထားပေမယ့်လည်း မာနေးက မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့လို့ မာနေးကို အသင်းကနေ ပြန်ရောင်းချပြီး ဟယ်ရီကိန်းကိုသာ ခေါ်ယူသွားချင်နေပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်က ဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှုတွေကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားပေမယ့် ဒီကမ်းလှမ်းချက်တွေကို စပါးဘက်က ဆက်တိုက် ပယ်ချထားခဲ့ပါတယ်။ လတ်တလောမှာတော့ ကိန်းကို ဘိုင်ယန်နဲ့ အပြိုင် ဘာပေကို လက်လွတ်ရတော့မယ့် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီအချိန်မှာ ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း စပါးမှာ ဆက်နေဖို့ရော ပီအက်စ်ဂျီလို ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ပါ ဆန္ဒမရှိပဲ ဘိုင်ယန်ကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် ဘိုင်ယန်အနေနဲ့ ကိန်းအတွက် တတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်သွားဖို့ အသင်းတာဝန်ရှိသူတွေက လန်ဒန်မြို့ဆီ စေလွှတ်ပြီး စပါးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

အခု လက်ရှိမှာ စပါးအသင်းက ရာသီကြို အာရှ ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်လို့ ဟယ်ရီကိန်း အနာဂတ်အတွက် သေချာလေး ဆွေးနွေးဖို့ ရှိနေပြီး တကယ်လို့ ဒီအချိန်မှာ ကိန်းကို ရောင်းချဖြစ်မယ် ဆိုရင်လည်း ကိန်းနေရာအတွက် ပြန်လည် အစားထိုးဖို့ အချိန်ပိုရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်ကလည်း သြဂုတ်လ (၆)ရက်နေ့ မတိုင်ခင်မှာပဲ ကိန်းကို အရ ခေါ်ယူဖို့ ဖိအားပေး လုပ်ဆောင်ဖို့ ရှိနေပါတယ်။