ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောင်းချလိုက်ရမယ်ဆိုရင် ဒေးဗီးစ်နေရာအတွက် ရီးယဲလ် ကစားသမားဟောင်း သီယို ဟာနန်ဒက်ဇ်နဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။

ရီးယဲလ်အသင်းက လာမယ့်နွေမှာ အသင်းကို ပိုမို အင်အားဖြည့်တင်းဖို့အတွက် mega signings ကြီး (၂)အခုအဖြစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေနဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

Photo Credit : Transfer News Live

အခု လက်ရှိမှာလည်း ဗြိတိန်ရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရ ရီးယဲလ်အနေနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့အတွက် personal agreed ကို နှုတ်အားနဲ့ သဘောတူညီမှု ရရှိထားပြီလို့ သိရှိရပါတယ်။

ဘိုင်ယန်အနေနဲ့ကလည်း ဒေးဗီးစ်လို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို အလွယ်တကူ လက်မလွတ်ချင်ပေမယ့် လက်ရှိ ကစားသမားရဲ့ စာချုပ်အခြေအနေအရ လာမယ့်နွေမှာပဲ မဖြစ်မနေ ရောင်းချရဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit : beIN SPORTS

တကယ်လို့ ဒေးဗီးစ်ကို ရောင်းချပြီးရင် သူ့နေရာအတွက် ရီးယဲလ် ကစားသမားဟောင်း ပြင်သစ် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို အစားထိုး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အသက် (၂၆)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်က အေစီမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း မီလန်အတွက် (၃၃)ပွဲကစား (၄)ဂိုးသွင်း (၉)ဂိုးဖန်တီးပေးထားပါတယ်။

ဒါကြောင့် မီလန်ဘက်ကလည်း သီယို ဟာနန်ဒက်ဇ်လို အသင်းရဲ့ အမာခံ ကစားသမားတစ်ဦးကို ရောင်းထုတ်သွားချင်မှာ မဟုတ်ပေမယ့် ဘိုင်ယန်ကတော့ ဒေးဗီးစ်နေရာအတွက် ဟာနန်ဒက်ဇ်ကိုသာ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။