ဘိုင်ယန်မြူးနစ်အသင်းကတော့ လာမယ့်နွေဈေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပြီး တိုက်စစ်က တောင်ပံ အားသန် ကစားသမားတွေဖြစ်တဲ့ ဆက်ဂ်နာဘရီ လီရွိုင်းဆာနေးနဲ့ ဆာဒီယိုမာနေးတို့ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Bayern Munich 'put Sadio Mane AND Leroy Sane up for transfer, along with Serge Gnabry' | Daily Mail Online

Photo Credit : Daily Mail

ဘိုင်ယန်က ပြီးခဲ့တဲ့ နွေကမှ လီဗာပူးလ်ကနေ ခေါ်ယူထားခဲ့တဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးကို အသင်းမှာ အသုံးပြုပြီး တစ်ရာသီအကြာမှာပဲ ပြန်လည် ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ်ရှိ ဆီနီဂေါ ဘယ်တောင်ပံ တိုက်စစ်ကစားသမား မာနေးဟာ ဘိုင်ယန်နဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ (၂၅)ပွဲအတွင်း (၇)ဂိုးသာ သွင်းယူနိုင်ခဲ့သလို မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာလည်း အသင်းဖော် ဆာနေးနဲ့ ခိုက်ရန်ဖြစ်ပွားရင်း ဆာနေးကိုပါ လက်သီးနဲ့ ထိုးကြိတ်ခဲ့ပါသေးတယ်။

Bayern Munich 'put Sadio Mane AND Leroy Sane up for transfer, along with Serge Gnabry' | Daily Mail Online

Photo Credit : Daily Mail

ဒီလို အခြေအနေတွေကြောင့် ဘိုင်ယန်က မာနေးကို အသင်းကနေ ရောင်းထုတ်ချင်လာခဲ့သလို မာနေးအပြင် မာနေးနဲ့ ပြသာနာ ဖြစ်ပွားခဲ့တဲ့ ဆာနေးအပြင် နောက်ထပ် တိုက်စစ်ကစားသမားဖြစ်သူ နာဘရီကိုပါ တစ်ပါတည်း ရှင်းထုတ်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။ ဘိုင်ယန်အသင်းက ဒီရာသီထဲမှာ အသင်းရဲ့ အခြေအနေတွေ သိပ်မဟန်ထားတဲ့အတွက် အသင်း တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်ဆောင်သွားချင်နေပြီး မာနေး ဆာနေး နဲ့ နာဘရီတို့လို attacking wingers တွေကို တစ်ပေါင်းစည်းတည်း ရှင်းထုတ်ချင်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်က ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းက အင်္ဂလန် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူချင်နေပြီး တိုက်စစ်ပိုင်းအတွက်ကိုလည်း စပါးရဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်း မျက်စိကျနေပါတယ်။ ဘိုင်ယန်အနေနဲ့ ဆာနေး နာဘရီတို့လို ဂျာမနီ ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ဖို့ လုပ်ဆောင်ထားပေမယ့် ဒီကစားသမား နှစ်ဦးကို မရောင်းထုတ်နိုင်ခဲ့ရင်တောင် မာနေးကိုတော့ သေချာပေါက် ရောင်းထုတ်သွားနိုင်ဖွယ် ရှိနေပါတယ်။