ဒီနှစ် ဘောလုံးရာသီအကုန်မှာ လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်နဲ့ လက်တွဲဖြုတ်သွားတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ တူဟယ်လ်နေရာမှာ အစားထိုးဖို့အတွက် နည်းပြတစ်ဦးကို ရာသီမကုန်ခင်ကတည်းက အသေအချာ ရှာဖွေလျက် ရှိလို့နေပါတယ်။

ဂျာမနီလူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ မနှစ်က ဒီလိုအချိန်မှာ ဘိုင်ယန်ကို စတင် ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အသင်းအတွက် ဘွန်ဒက်စ်လီဂါဖလား တစ်ခုတည်းကိုသာ ရယူပေးထားကာ ဒီရာသီမှာဆိုရင်လည်း ချန်ပီယံလိဂ်သာ မျှော်လင့်စရာအဖြစ် ကျန်ရှိနေပါတော့တယ်။

Photo Credit : Marca

ဒါ့အပြင် ကစားသမားတွေနဲ့ သိပ်အဆင်မပြေလှတဲ့ တူဟယ်လ်နဲ့ ဒီရာသီအကုန်မှာပဲ လမ်းခွဲလိုက်ကြဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ဘိုင်ယန်ဟာ တူဟယ်လ်နေရာမှာ လက်ရှိ လေဗာကူဆင်အသင်းနဲ့ အတော်လေး တောက်ပလို့နေတဲ့ ဇာဘီ အလွန်ဆိုနဲ့ အစားထိုး ခန့်အပ်သွားဖို့ အတော်လေး စိတ်ဝင်စားလာခဲ့ပါတယ်။

ဘိုင်ယန်က သူတို့အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာလည်း လေဗာကူဆင်နဲ့အတူ အတော်လေး အလုပ်ဖြစ်နေတဲ့ အလွန်ဆိုကို တူဟယ်လ်နေရာမှာ အစားထိုးဖို့အတွက် ဦးစားပေး ပစ်မှတ်ထားနေပေမယ့်လည်း အလွန်ဆိုရဲ့အနာဂတ်က မရေမရာ ဖြစ်နေပြီး လေဗာကူဆင်မှာပဲ ဆက်နေဖို့ကလည်း အခြေအနေများနေရပါတယ်။

Photo Credit : beIN SPORTS

ဒါကြောင့် ဘိုင်ယန်အနေနဲ့ အလွန်ဆိုအပြင် တခြားသော နည်းပြ options တွေကိုပါ စဉ်းစားလာခဲ့ရပြီး လတ်တလောမှာဆိုရင်တော့ ဘရိုက်တန်ရဲ့ အီတလီလူမျိုး ဘောလုံးနည်းပြ ရောဘတ်တို ဒီဇာဘီကိုပါ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

ရှက်တာဒိုးနက် နည်းပြဟောင်း ဒီဇာဘီကို ဘိုင်ယန်အပြင် လီဗာပူးလ် ဘာစီလိုနာအသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေပြီး ဒီဇာဘီကိုယ်တိုင်ပါ ရာသီအကုန်မှာ ဘရိုက်တန်နဲ့ လမ်းခွဲသွားဖို့ ရှိနေပေမယ့် လက်ရှိမှာတော့ အသင်းအတွက်ကိုသာ ဆက်လက် အာရုံစိုက်နေကာ ရာသီအကုန်မှာသာ သူ ဘယ်အသင်းကို ရွေးချယ်ရမလဲ ဆိုတာကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။