ဘွန်ဒစ်လီဂါ အင်အားကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ကစားသမားဖြစ်သူ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်နဲ့ သူရဲ့လက်ရှိကလပ် ချယ်လ်ဆီးအသင်းတို့ရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

အသက်(၂၃)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ လေဗာကူဆင်အသင်းမှာ ပါဝင်နေစဉ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးသလို အခုလည်း ဘိုင်ယန်က သူတို့ပစ်မှတ်ဟောင်းရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ Sky Sports အားကစား မီဒီယာကြီးရဲ့ နာမည်ကျော် သတင်းထောက် Florian Plettenberg က ဖော်ပြထားခဲ့ပါတယ်။ ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် နွေရာသီမှာပဲ လေဗာကူဆင်ကနေ ချယ်လ်ဆီးကို ပေါင်(၇၁)သန်းနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Chelsea star Kai Havertz rejected a move to Bayern Munich over the summer

Photo Credit : The Sun

လက်ရှိမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၁၁၈)ပွဲအထိကို ပါဝင်ကစားထားနိုင်သလို အသင်းရဲ့ အရေးပါလှတဲ့ ကစားသမား ဖြစ်နေရတဲ့ ဟာဗက်ဇ်ဟာ လက်ရှိ အသင်းက တိုက်စစ်ပိုင်းအတွက် ကစားသမားတွေကို အလွန်အကျွံ ခေါ်ယူနေမှုတွေကြောင့် ဟာဗက်ဇ်ရဲ့ အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့မယ်ဆိုရင် ဒီအခြေအနေကို အသုံးချသွားဖို့ ဘိုင်ယန်ဘက်က စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိ တိုက်စစ်ပိုင်းမှာ ဟာဗက်ဇ် စတာလင် ပူလီဆစ် ဇီယက်ရှ် အူဘာမီယန်း ဘရိုဟာတို့ ရှိနေတဲ့အပြင် အခု ဈေးကွက်ထဲမှာလည်း ဂျာအိုဖီးလစ် မာဒရစ်ခ် ဒါထရိုဖိုဖာနာတို့ကို ထပ်မံ ခေါ်ယူထားခဲ့သလို လာမယ့်နွေမှာပါ အန်ကွန်ကူကို ခေါ်ယူထားတာကြောင့် လာမယ့်နွေကနေ စတင်ပြီး အသင်းတိုက်စစ်မှာ စတာလင် ဟာဗက်ဇ် မာဒရစ်ခ်နဲ့ အန်ကွန်ကူတို့သာ ပုံမှန်နေရာရလာနိုင်ကာ ဒီ(၄)ဦးအတွင်းမှာတောင် အပြိုင်အဆိုင်တွေ ဖြစ်လာရနိုင်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးက လာမယ့်နွေမှာတောင် တိုက်စစ်ပိုင်းအတွက်ပါ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူလာဦးမယ်ဆိုရင် ဟာဗက်ဇ် စတာလင်တို့ရဲ့ အနာဂတ်တွေပါ မရေမရာမှုတွေ ရှိလာနိုင်တာမို့ အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင် ဘိုင်ယန်ဘက်က ဟာဗက်ဇ်ကို ဂျာမန်မြေဆီ ပြန်ခေါ်သွားဖို့ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။