ဘွန်ဒက်စ်လီဂါရဲ့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက် နောက်ခံကစားသမား ရာဖယ်လ် ဗာရန်းကို အရ ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်သွားတော့မယ်လို့ Mail Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၀)အရွယ်ရှိ ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဗာရန်းဟာ ဒီရာသီမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း သိပ်အဆင်မပြေ ဖြစ်နေရသလို ပွဲကစားခွင့်တွေလည်း ပုံမှန်မရှိတာကြောင့် ဗာရန်းကိုယ်တိုင်က အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်က ဗာရန်းကို ၂၀၂၁ခုနှစ် နွေရာသီကမှ ရီးယဲလ်မက်ဒရစ်ဆီကနေ ခေါ်ယူထားခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီ နဲ့ ဒုတိယရာသီတွေမှာ အသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ကစားခဲ့ရပေမယ့်လည်း ဒီရာသီမှသာ ဗာရန်းရဲ့ ပွဲကစားခွင့်တွေက တဖြည်းဖြည်းနဲ့ လျော့ပါးလာခဲ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီရဲ့ ရာသီဝက်ခန့်အထိ ရောက်ရှိနေချိန်မှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၅)ပွဲသာ ကစားထားရသေးတဲ့ ဗာရန်းကို ဘိုင်ယန်မြူးနစ် နဲ့ သူ့အသင်းဟောင်း ရီးယဲလ်မက်ဒရစ်တို့က ခေါ်ယူသွားဖို့ အပြိုင် စိတ်ဝင်စားနေပါတယ်။

Photo Credit : Managing Madrid

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ရီးယဲလ်က သူတို့ ကစားသမားဟောင်း ဗာရန်းကို ပြန်လည် ခေါ်ယူဖို့အတွက် အရမ်း စိတ်ဝင်စားခြင်း မရှိနေပဲ ဘိုင်ယန်ကသာ အတွေ့အကြုံကောင်းတွေ အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ ဗာရန်းကို ပိုမို အလိုရှိနေပါတယ်။

ဒါကြောင့် ဘိုင်ယန်အနေနဲ့ ဗာရန်းအတွက် ကနဦး ကမ်းလှမ်းမှုတွေကို မကြာခင်မှာပဲ စတင် ပြုလုပ်သွားဖို့ ရှိနေပြီး ယူနိုက်တက်ကတော့ ခံစစ်မှူးသစ် တစ်ဦးဦးကို ခေါ်ယူနိုင်မှသာ ဗာရန်းကို လက်လွတ်သွားဖွယ် ရှိနေပါတယ်။