ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကစားသမားဖြစ်သူ မန်ဖစ်ဒီပိုင်းကို လာလီဂါပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ရောင်းချလိုက်ချိန်မှာ အသက်လက်တီကိုအသင်းရဲ့ ကစားသမား ရန်းနစ်ခ်ကာရက်စ်ကို ကိုလည်း လာမယ့်နွေမှာ ပြောင်းရွေ့ကြေး ယူရိုသန်း(၂၀)နဲ့ ခေါ်ယူလို့ရနိုင်မယ့် စာချုပ်မျိုးကိုပါ ထည့်သွင်း ချုပ်ဆိုခဲ့ကြောင်း အသင်းဘက်က တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းက အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဒီပိုင်းကို အသက်လက်တီကိုအသင်းဆီ ယူရို(၄)သန်းနဲ့ ရောင်းချခဲ့ချိန်မှာ အသက်လက်တီကိုရဲ့ ဘယ်လ်ဂျီယံ left-winger left-back ကစားသမား ကာရက်စ်ကို ကိုပါ ပြန်လည် ခေါ်ယူဖို့အတွက် သဘောတူညီချက် တစ်ခုကိုပါ ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒါကတော့ လာမယ့်နွေမှာ ဘာစီလိုနာက ကာရက်စ်ကိုအတွက် ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းရုံနဲ့ ခေါ်ယူလို့ ရရှိနိုင်မယ်ဆိုတဲ့ သဘောတူညီချက်ပဲ ဖြစ်ပါတယ်။

Photo Credit : Youtubue

ကာရက်စ်ကိုရဲ့အေးဂျင့်ဖြစ်သူ ဇဟာဗီဟာ ဘာစီလိုနာအသင်းနဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာဖြစ်လို့ ဒီလို သဘောတူညီချက်ကို လုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပြီး သဘောတူညီချက်အရဆိုရင်လည်း အသက်လက်တီကိုအနေနဲ့ ကာရက်စ်ကို ကို လာမယ့်နွေမှာ တခြား ဘယ်အသင်းဆီ စိတ်ကြိုက် ပြောင်းရွေ့ကြေးနဲ့ ထုတ်ရောင်းနိုင်ပေမယ့် ဘာစီလိုနာအတွက်ကိုတော့ ယူရိုသန်း(၂၀)နဲ့သာ ရောင်းချရမယ်ဆိုတဲ့ အချက်မျိုး ဖြစ်နေရပါတယ်။ ယခင်ကတည်းက ဘာစီလိုနာနဲ့ အသက်လက်တီကိုအသင်းတို့ကြားမှာ ကစားသမား အပြောင်းအရွေ့တွေက အတော်လေးကို ဖြစ်ပေါ်ထားခဲ့တာဖြစ်ပြီး အခု အပြောင်းအရွေ့ မဖြစ်ပေါ်ခင်တုန်းကတော့ ဘာစီလိုနာက တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို သူ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီ တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ပြောင်းရွေ့ခွင့်ပြုထားပြီး ဂရီးဇ်မန်းမတိုင်ခင်ကလည်း တိုက်စစ်မှူးကြီး ဆွာရက်ဇ်ကို အသက်လက်တီကိုအသင်းဆီ ရောင်းချခဲ့ပါတယ်။ လက်ရှိမှာလည်း ဆွာရက်ဇ်လိုပဲ ဒီပိုင်းကိုပါ ထပ်မံ ရောင်းချခဲ့ပြီး လာမယ့်နွေမှသာ ကာရက်စ်ကို ကို ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။