လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် နွေစျေးကွက်အတွင်းမှာ ဖရန့်ဖတ်အသင်းရဲ့ နောက်ခံကစားသမား အီဗန်အန်ဒစ်ကာကပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

ဘာစီလိုနာအသင်းက ဒီနောက်ပိုင်း အပြောင်းအရွှေ့ စျေးကွက်တွေအတွင်း free transfer တွေနဲ့ ကစားသမားသစ် ခေါ်ယူမှုတွေက တောက်လျှောက် လုပ်ဆောင်လာခဲ့ရာ လာမယ့်နွေမှာလည်း အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမား အများအပြားကိုပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အန်ဂိုလိုကန်တေ တီလေမန်းစ်နဲ့ လာမယ့်နွေမှာ free agents ဖြစ်လာတော့မယ့် ကစားသမားတွေကို ချိန်ရွယ်နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ ကစားသမားတစ်ဦး အလွတ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football Espana

ဒီကစားသမားကတော့ ဖရန့်ဖတ်အသင်းရဲ့ ဗဟိုခံစစ်မှူး အန်ဒစ်ကာ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ အန်ဒစ်ကာဟာ အော်ဇေးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး အော်ဇေးမှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ကာ ၂၀၁၈ခုနှစ်မှာပဲ ဖရန့်ဖတ်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ ဖရန့်ဖတ်အသင်းဆီ ရောက်ရှိလာခဲ့သူ အန်ဒစ်ကာဟာ ဖရန့်ဖတ်အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာတော့ အန်ဒစ်ကာ ဖရန့်ဖတ်အသင်းနဲ့အတူ (၅)ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၆၈)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

ဒီလို ကစားသမားမျိုးကို ဘာစီလိုနာအသင်းက အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိနိုင်ခဲ့တာက အသင်းအတွက် အတော်လေး အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာစေဖို့ ရှိနေပြီး ဘာစီလိုနာကတော့ လာမယ့် ဈေးကွက်ထဲ အန်ဒစ်ကာလို နောက်ထပ် free transfer ခေါ်ယူမှုတွေကို ထပ်မံ လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။