ပရီးမီးယားလိဂ် တန်းတတ်အသင်းဖြစ်တဲ့ ဘုန်းမောက်ဟာ အခုနှစ် နွေဈေးကွက်ထဲမှာ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ဂိုးသမားဖြစ်သူ နေတိုကို ခေါ်ယူသွားနိုင်ဖို့အတွက် အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေကြပြီး နေတိုရဲ့ လစာမြင့်မားမှုက ဘုန်းမောက်အတွက် အခက်အခဲတစ်ရပ် ဖြစ်နိုင်ပေမယ့်လည်း အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ နှစ်သင်းလုံးက ယုံကြည်နေကြပါတယ်။

Fulham 'targeting free transfer for £30m Barcelona star Neto but goalkeeper  keen on move to Napoli instead'

Photo Credit : The Sun

အသက်(၃၃)နှစ်အရွယ်ရှိ ဘာစီလိုနာ ဂိုးသမား နေတိုဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းမှာ တာစတီဂန်ရဲ့ back-up ဂိုးသမား ဖြစ်နေပေမယ့် လက်ရှိမှာ ဂါလာလာစာရေးအသင်းကနေ အငှားစာချုပ် ပြည့်သွားလို့ အသင်းကို ပြန်လည် ရောက်ရှိလာတဲ့ ဂိုးသမား အင်နကီပီနာကို ဘာစီလိုနာဘက်က အသင်းရဲ့ ဒုတိယဦးစားပေး ဂိုးသမားအဖြစ် သတ်မှတ်သွားဖို့ ရှိနေရာ နေတိုကိုတော့ အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။ ဒါပေမယ့် နေတိုကတော့ သူရဲ့ လက်ရှိစာချုပ် ပြည့်မြောက်ချိန်အထိ အသင်းမှာသာ ဆက်လက် ရှိနေချင်ပြီး ဘာစီလိုနာကတော့ တစ်ပတ် ပေါင်(၉၈၀၀၀)လောက် ပေးချေနေရတဲ့ နေတိုလို ကစားသမားမျိုးကို အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Football Espana

မကြာမီရက်သတ္တပတ်တွေအတွင်းက နေတိုအနေနဲ့ ဆဲလ်တာဗီဂို ဒါမှမဟုတ် နာပိုလီတို့ထဲကမှ တစ်သင်းသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း ဆဲလ်တာက အာဂျင်တီးနား ဂိုးသမား မာချက်စတင်ကို ခေါ်ယူသွားခဲ့သလို နာပိုလီအသင်းကလည်း ချယ်လ်ဆီးရဲ့ စပိန်ဂိုးသမား ကယ်ပါအာရီဇာဘယ်လာဂါကိုသာ အလိုရှိနေတာကြောင့် နေတိုရဲ့ အနာဂတ်က ပိုဝေဝါးသွားခဲ့ရပါတယ်။ ဒါပေမယ့် စပိန်သတင်းမီဒီယာ Relevo ရဲ့ အင်္ဂါနေ့ သတင်းဖော်ပြချက်မှာတော့ ပရီးမီးယားလိဂ် တန်းတတ်ကလပ်အသင်းဖြစ်တဲ့ ဘုန်းမောက်က နေတိုကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေကြပြီး အသင်းနှစ်သင်းလုံးက သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ပေါင်တစ်သိန်းနီးပါးလောက် ဖြစ်နေရတဲ့ ဖီအိုရင်တီးနား ဂျုဗင်တပ်စ်နဲ့ ဗလင်စီယာအသင်းတို့ရဲ့ ဂိုးသမားဟောင်း နေတိုရဲ့ လစာပမာဏက ဘုန်းမောက်အသင်းအတွက် ခက်ခဲမှု ဖြစ်နေရပြီး ဘာစီလိုနာကတော့ နေတိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။