ဘာစီလိုနာအသင်းရဲ့ ဂျာမနီ ဂိုးသမား တာစတီဂန်ကတော့ မနက်ဖြန်ညမှာ ယူရိုပါလိဂ် ရှံးထွက် ပလေးအော့ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်ကို ချီးကျူး စကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Lionel Messi nets brace as Barcelona dump Manchester United out of  Champions League - Sports Mole

Photo Credit : Sports Mole

ဘာစီလိုနာ နဲ့ ယူနိုက်တက်အသင်းတို့ဟာ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ယူရိုပါလိဂ် ပလေးအော့ ပထမအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်သွားကြရမှာဖြစ်ပြီး ဒါဟာ ဒီနှစ်သင်းကြားမှာ ၂၀၁၉ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခဲ့တာဖြစ်သလို နောက်ဆုံးအကြိမ် နူးကမ့်မှာ တွေ့ဆုံခဲ့စဉ်တုန်းက အိမ်ရှင် ဘာစီလိုနာဟာ (၃)ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

Barcelona vs Man Utd - European giants collide in huge Europa League encounter at Nou Camp - stream, TV | The Sun

Photo Credit : The Sun

လက်ရှိမှာက နှစ်သင်းလုံး ပုံစံကောင်းတစ်ခု ရရှိနေပြီး ဘာစီလိုနာကတော့ ၂၀၂၃ခုနှစ်အတွင်း ကစားထားသမျှ ပွဲအားလုံးကိုပါ အနိုင်ရထားဖြစ်လို့ ယုံကြည်မှု ပိုအားကောင်းနေပါလိမ့်မယ်။ ဒါ့အပြင် ဒီရာသီထဲ ပေးဂိုးတွေ အလွန်နည်းပါးလို့နေတဲ့ ဘာစီလိုနာခံစစ်ကို ယူနိုက်တက်တို့ ထိုးဖောက်နိုင်ပါ့မလားဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာပါ။

ဒီလို ပေးဂိုးတွေ နည်းပါးနေမှုမှာ အဓိက အခရာကျသူ ဘာစီလိုနာ ဂိုးသမား တာစတီဂန်က လက်ရှိ သူ ရင်ဆိုင်သွားရတော့မယ့် ယူနိုက်တက်အသင်းနဲ့ ပတ်သတ်ပြီး ယူနိုက်တက်နည်းပြဖြစ်သူ တန်ဟက်ဂ်အကြောင်းတွေကို ပြောဆိုလာခဲ့ပါတယ်။ “သူတို့အသင်းဆီကို နည်းပြသစ်(တန်ဟက်ဂ်) ရောက်ရှိလာကတည်းက သူတို့ တော်တော်များများ ပြောင်းလဲသွားခဲ့တယ်။ အစပိုင်းလေးမှာက အနည်းငယ်လောက်လေး ခက်ခဲမှုတွေ ရှိခဲ့ရတယ် ဆိုတာကလည်း အသင်းအတွက် သူရဲ့ အတွေးအခေါ်တွေကို ရိုက်သွင်းဖို့က လအနည်းငယ်လောက် အချိန်ယူရတတ်တာကြောင့်ပါ။ ဒါပေမယ့် သူကတော့ ကလပ်အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်” လို့ တာစတီဂန်က တန်ဟက်ဂ်က ချီးမွမ်းသွားခဲ့ပါတယ်။