စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ဘီလ်ဘာအိုရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ အင်နီဂို မာတီနက်ကို လာမယ့် နွေဈေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါဆုဖလားကို ရယူနိုင်ဖို့ နီးစပ်နေတဲ့ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အလွတ်နဲ့ ခေါ်ယူနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတွေကို စုဆောင်းမယ့် စီမံကိန်းကို စတင်ခဲ့ပြီး ဘာစီလိုနာဟာ နောက်ဆုံး ၂နှစ် အတွင်းမှာ အဂူရို ၊ အူဘာမီယန်း ၊ ဒီပိုင်း ၊ အဲရစ် ဂါစီယာ ၊ ကတ်ဆီး ၊ ခရစ်တန်ဆန် ၊ အလွန်ဆိုနဲ့ ဘယ်လာရင်တို့လို ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Football Espana

ဘာစီလိုနာက အရည်အသွေးမြင့် ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတဲ့ စီမံကိန်း အောင်မြင်ခဲ့တာကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်း မပြေလည်မချင်း အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေကိုသာ အဓိကထား ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဘီလ်ဘာအိုကြယ်ပွင့် မာတီနက်ကတော့ ဘာစီလိုနာရဲ့ ၂၀၂၃-၂၀၂၄ နွေဈေးကွက်မှာ ပထမဦးဆုံး ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာပါတော့မယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက စပိန်လက်ရွေးစင် အင်နီဂို မာတီနက်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီး သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းပြီးတာနဲ့ မာတီနက်ကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းတော့မယ်လို့ သိရပါတယ်။

Photo Credit: Inside Sports

အသက် ၃၁နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ မာတီနက်က ဆိုစီဒက် ၊ ဘီလ်ဘာအို စတဲ့ လာလီဂါရဲ့ ဖျက်မြင်းအသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး သူက လာလီဂါပြိုင်ပွဲ တခုထဲမှာ ၃၅၅ပွဲ အထိ ကစားခဲ့ပြီး သွင်းဂိုး ၂၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာက မာတီနက်ကို ခေါ်ယူပြီးတာနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး ကနေ အလွတ်နဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ဂါစီယာကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းချဖို့ စဉ်းစားနေကြောင်းလည်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။