မကြာသေးမီကမှ ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့တဲ့ နာမည်ကျော် ဝေးလ်ကြယ်ပွင့် ဂါရတ်ဘေးလ်ကတော့ သူဟာ မကြာခင်မှာပဲ ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်တော့မယ်လို့ သူနဲ့ နီးစပ်သူတွေထံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ်သာ ရှိသေးတဲ့ ဝေးလ်ဂန္တဝင် ကစားသမား ဂါရတ်ဘေးလ်က ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို စပါး ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေနဲ့ အောင်မြင်မှုပေါင်း များစွာလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Talksport

ဂါရတ်ဘေးလ်က အသက် ၃၀ စွန်းစွန်းသာ ရှိသေးတာကြောင့် ဘောလုံးသမား တဦး အဖြစ် ဆက်လက် အသက်မွေးလို့ ရသေးပေမယ့် ဒဏ်ရာပြဿနာတွေကြောင့်ပဲ ဂါရတ်ဘေးလ်က သူ့ရဲ့ ဘောလုံးသမား ဘဝကို စွန့်လွှတ်ကာ နောက်ထပ် ဝါသနာ တခု ဖြစ်တဲ့ ဂေါ့ဖ်အားကစားမှာ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် အသက်မွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်က ဘောလုံးကစားရာမှာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်လာတဲ့ အထိ အောင်မြင်ခဲ့သလို သူက ဂေါ့ဖ်အားကစားမှာလည်း ထူးချွန်ပြီး ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က ဂါရတ်ဘေးလ်ဟာ နာမည်ကျော် ဂေါ့ဖ်ကစားသမားတွေနဲ့ ချစ်ကြည်ရေးပြိုင်ပွဲတွေ ကစားခဲ့ဖူးသလို နာမည်ကျော် ဂေါ့ဖ်ကစားသမားတွေကလည်း ဂါရတ်ဘေးလ်ရဲ့ လက်စွမ်းဟာ ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားနိုင်တဲ့ အထိ ကောင်းမွန်ကြောင်း ချီးကျူးခဲ့ကြပါတယ်။

Photo Credit: Talksport

ဒါကြောင့်ပဲ ဂါရတ်ဘေးလ်က ဘောလုံးသမား ဘဝကနေ အနားယူပြီးနောက် ဂေါ့ဖ်ကစားသမား တဦး အဖြစ် ဂေါ့ဖ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ မှတ်ပုံတင်မှုတွေ ၊ လက်ရည်စစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယခုအခါမှာ ဘေးလ်က ကြိုးစားအားထုတ်မှုတွေရဲ့ အသီးအပွင့် အဖြစ် ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရပါတော့မယ်။

နာမည်ကျော် ဗြိတိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဂါရတ်ဘေးလ်က ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ လိုအပ်နေတဲ့ အသိအမှတ်ပြုမှုတွေ အကုန်လုံး ရရှိခဲ့ကာ ဘေးလ်ဟာ မကြာခင်မှာပဲ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် PGAပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်တော့မယ်လို့ သိရပါတယ်။