အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှား ၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့က အာရှအင်အားကြီးနိုင်ငံ ဖြစ်တဲ့ ဩစတေးလျနဲ့ ပူးပေါင်းကာ ၂၀၃၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲ ကျင်းပခွင့် ရဖို့ ကြိုးစားနေကြကြောင်း သိရပါတယ်။

ကမ္ဘာ့​ဘောလုံးအဖွဲ့ချုပ် FIFAက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် နိုင်ငံတွေကို ကြေညာပေးပြီးနောက် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေကို စတင် စာရင်းကောက််််ခံနေပါတယ်။

Photo Credit: Standard

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန် ၊ မက္ကဆီကိုနဲ့ ကနေဒါ စတဲ့ နိုင်ငံ ၃နိုင်ငံက ပူးပေါင်း ကျင်းပခွင့် ရထားသလို မကြာသေးမီကလည်း FIFAက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန် ၊ ပေါ်တူဂီ ၊ မော်ရိုကို ၊ ဥရုဂွေး ၊ အာဂျင်တီးနားနဲ့ ပါရာဂွေး နိုင်ငံတို့ ပူးပေါင်း ကျင်းပခွင့် ရထားကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကမြေမှာ ၊ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကနဲ့ ဥရောပမြေတွေမှာ ကျင်းပဖို့ ဆုံးဖြတ်ပြီးနောက် FIFAက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဒေသနဲ့ သမုဒ္ဒရာပိုင်းဇုန်နိုင်ငံတွေမှာ ကျင်းပဖို့ စိတ်ကူးရှိနေပါတယ်။

Photo Credit: Free Pick

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsရဲ့ ဖော်ပြချက်အရ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား ၊ မလေးရှားနဲ့ စင်္ကာပူတို့က ဩစတေးလျနဲ့ ပူးပေါင်းကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို တောင်းခံဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။