ဒီနေ့ည အီတီဟတ်ကွင်းထဲ မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ကစားသမားတွေအနေနဲ့ မန်စီးတီးကို ရှိန်နေ ကြောက်နေစရာ မလိုပဲ အကောင်းဆုံး ကစားသွားဖို့သာ လိုအပ်တယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောဆိုသွားခဲ့ပါတယ်။

Mikel Arteta has warned his players that he expects to see no signs of fear on Wednesday night

Photo Credit : Daily Mail

အာတေတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးကို (၅)မှတ် ဖြတ်တောက်ထားပေမယ့်လည်း မန်စီးတီးထက် (၂)ပွဲ ပိုကစားထားခဲ့သလို အီတီဟတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတိုင်းလိုလိုမှာလည်း ရလဒ်တွေ ဆိုးရွှားထားခဲ့ရပါတယ်။ မန်စီးတီးကတော့ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေရပြီး ဖေဖော်ဝါရီလထဲ စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးကတည်းက (၁၆)ပွဲဆက်အထိ လုံးဝ ရှုံးပွဲမရှိတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရချိန် လုံးဝ ရှိန်နေစရာ မလိုအပ်ဘူးလို့ အာတေတာက သတိပေးလိုက်ပါတယ်။

Arsenal go into Wednesday's crunch Premier League title showdown on the back of three consecutive draws - which have allowed Man City to close the gap to five points

Photo Credit : Daily Mail

မန်စီးတီးကို ရင်ဆိုင်ဖို့အတွက် အာဆင်နယ် ကစားသမားတွေ ကြောက်ရွံ့သလို ခံစားနေနိုင်သလားလို့ မေးမြန်းလာခဲ့ရာ အာတေတာက “မဖြစ်ရပါဘူး။ သူတို့တွေသာ ဒီလို ကစားခဲ့မယ်ဆိုရင် ကျွန်တော် သူတို့ကို သတ်မိလိမ့်မယ်ဆိုပြီး ပြောထားပါတယ်။ နောက်ပြီး ဒီလို ပုံစံမျိုးနဲ့လည်း မဖြစ်စေချင်ပါဘူး။ ဒါက လှပတဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်။ အဲ့ဒါကိုပဲ ယူစေချင်တယ်။ ပွဲကို အနိုင်ရဖို့အတွက် လုပ်စရာရှိတာကို လုပ်ဆောင်ဖို့ လှပတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ယုံကြည်ချက်နဲ့ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေက ဒီပွဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါမယ်။”

Man City go into the game in relentless form as they pursue an incredible Treble

Photo Credit : Daily Mail

“ယုံကြည်ချက် ရှိတယ်ဆိုတာ သိသာပါတယ်။ သူတို့ရဲ့လေ့ကျင့်ပုံ ၊ တုံ့ပြန်ပုံ ၊ အဝတ်လဲခန်း စိတ်နေသဘောထား ၊ အခိုက်အတန့်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးပုံတွေ ကြည့်မိတဲ့အခါ ဒါတွေကို ဒီပွဲမှာလည်း ထပ် ပြသရပါမယ်။ နောက်ပြီး မှန်ကန်တဲ့ အခိုက်အတန့် မှန်ကန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြီးပြည့်စုံမှု ရှိနေရပါမယ်။ single ball တိုင်းလိုမှာ လုံးဝ ပြီးပြည့်စုံမှု ရှိရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။