မနေ့က အိမရိတ်ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ် နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းက ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ကပဲ (၀-၂) နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက ပထမပိုင်း ပွဲချိန်အတွင်း ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့်လည်း ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဂိုးလုံးဝ မသွင်းယူနိုင်ခဲ့ပဲ မိနစ်(၈၀)နောက်ပိုင်းမှသာ လီဗာပူးလ်ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရင်း ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Youtube

“လက်ရှိ ဥရောပမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားကောင်းနေတဲ့ အသင်းတစ်သင်းကို အကောင်းဆုံး ပုံစံနဲ့ ယှဉ်ပြိုင်ခဲ့ပြီးမှ ဒီလို စိတ်ပျက်စရာ ရလဒ်မျိုး ထွက်ပေါ်လာတာကိုတော့ ကျွန်တော် တကယ် စိတ်ညစ်မိရပါတယ်။ ကျွန်တော်တို့တွေက သူတို့အသင်းထက် အများကြီး ပိုကောင်းခဲ့တယ်။”

“အခွင့်အရေးတွေဆိုလည်း အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒါတွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ဘူး။ ဒီလို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ကစားရချိန်မျိုးတွေမှာဆိုရင် အခွင့်အရေးတွေကို အရယူဆောင်နိုင်ရပါမယ်။ ကိုယ်တိုင်ကလည်း ဂိုးမသွင်းနိုင်ပဲ ဒီလိုမျိုး own goal တစ်ဂိုးနဲ့ ဒုတိယဂိုးကို ခွင့်ပြုလိုက်မယ်ဆိုရင်”

Photo Credit : The Guardian

“နိုင်ပွဲရဖို့က ခက်ခဲသွားနိုင်ပါတယ်။ ဘောလုံး အားကစားမှာဆိုရင် အခြေအနေတွေကို နားလည် သဘောပေါက်ရမှာဖြစ်ပြီး နေရာကောင်းကောင်း ယူထားနိုင်ဖို့ ဂိုးကန်သွင်းချက်တွေ ပိုကောင်းအောင် လုပ်ဆောင်ဖို့ သိထားရပါမယ်။ ဒီပွဲမှာကတော့ ကျွန်တော်တို့က ပြိုင်ဘက်အသင်းထက် ပိုကောင်းခဲ့တယ်။”

“ကျွန်တော်တို့တွေက သူတို့ထက် အများကြီး သာလွန်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဒီပွဲကို အနိုင်လည်း ရခဲ့သင့်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဘာမေးခွန်းမှ ထုတ်နေစရာကို မလိုတာပါ။” လို့ အာတီတာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။