ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)မှာ ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံဆု အတွက် လက်မလျှော့သေးဘူးလို့ ဆိုလာပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို အချိန်ကြာမြင့်စွာ သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်နေရပါတယ်။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ချန်ပီယံလုဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး အဆိုပါပွဲမှာ အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပိုမို အလားအလာ ကောင်းသွားမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ အနိုင်ရလဒ် ရရှိရေး အတွက် ရေကုန်ရေခမ်း ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် နောက်ဆုံး ၃ပွဲဆက် သရေကျခဲ့တဲ့ အာဆင်နယ်က ရစ်သမ်မှန်နေတဲ့ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပဲ ပွဲစပွဲဆုံး အိမ်ရှင် မန်ချက်စတာ စီးတီးကပဲ အာဆင်နယ်ကို ဖိကစားသွားခဲ့ကာ ဒီဘရိုင်း ၊ ဟာလန်းနဲ့ ဂျွန်စတုန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Pulse Sports

အာဆင်နယ်က မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးထက် ၂ပွဲပို ကစားထားတဲ့ အချိန်မှာ ရမှတ် ၂မှတ်သာ ဖြတ်ထားနိုင်တာကြောင့် မန်ချက်စတာ စီးတီးက လက်ကျန် ၂ပွဲစလုံးကိုသာ အနိုင်ရသွားရင် အာဆင်နယ်ထက် ရမှတ် ၄မှတ် အသာစီး ရသွားတော့မှာပါ။

မန်ချက်စတာ စီးတီး ၄-၁ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံဆု အတွက် လက်မလျှော့သေးပါဘူးလို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အာတီတာက – “ကျွန်တော်တို့ အသင်းက မန်ချက်စတာ စီးတီးလို အသင်းကို ယှဉ်ကစားနိုင်ခဲ့တာဟာ ကောင်းမွန်တဲ့ အချက်တခုလို့ ပြောရပါမယ်။ ကျွန်တော်တို့က ချန်ပီယံဆု အတွက် လက်လျှော့ဦးမှာ မဟုတ်ပါဘူး။ ဒီနေ့ပွဲမှာ စီးတီးက ကျွန်တော်တို့ထက် အများကြီး သာခဲ့လို့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာပါ။ စီးတီးက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့တွေ လက်ခံရပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။