အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာက သူတို့အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုရဲ့ ဖ်ိအားဒဏ်တွေကို သေသေချာချာလေး ကိုင်တွယ်သွားနေနိုင်ပြီလို့ ကြွေးကြော် ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီမှာပဲ အခုလို ချန်ပီယံပြေးလမ်းထဲ ရပ်တည်နေနိုင်ခဲ့ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှုနဲ့ ချန်ပီယံဆုရဲ့ ဖ်ိအားဒဏ်တွေကို မခံနိုင်တာတွေကြောင့် ဆုဖလားနဲ့ အလှမ်းဝေးခဲ့ရပါတယ်။

Photo Credit : Sporting News

အခုတော့ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်သလို နောက်ပိုင်းနှစ်တွေထဲ ပရီးမီးယားလိဂ်မှာ အမြဲလွှမ်းမိုးထားနိုင်တဲ့ မန်စီးတီးကို ဂိုးမရှိ သရေရအောင် ကစားနိုင်ခဲ့ပြီး အခု ၂၀၂၄ထဲမှာ ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာလည်း လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့အသင်းက တိုးတက်နေပါတယ်။ အသင်းရဲ့ ပြိုင်ဆိုင်မှုတွေကလည်း ပိုကောင်းလာပြီး အခုလို ပွဲတွေမှာ ဘယ်လို ယှဉ်ပြိုင်ကစားသွားရမလဲ ဆိုတာပါ နားလည်လာပါတယ်။”

Photo Credit : GB News

“အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက်ကတော့ နောက်ထပ် ခြေလှမ်းတစ်ခုပဲ ကျန်ရှိနေပါတော့တယ်။ အဲ့ဒါက ပွဲတိုင်းကို အနိုင်ယူဖို့ပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့က သရေတစ်မှတ်ကိုသာ ရရှိခဲ့ပြီး နိုင်ပွဲရယူဖို့အတွက် အများကြီး တိုးတက်ဖို့က လိုအပ်နေပါသေးတယ်။”

“ကျွန်တော်တို့ရဲ့ အားနည်းချက်ကတော့ ကျွန်တော်တို့ ဂိုးသွင်းနိုင်ယူမယ့် အခြေအနေတွေ ရှိခဲ့ပေမယ့် ဒါကို ဂိုးအဖြစ် အသုံးမချနိုင်ခဲ့ဘူး။ နောက်တစ်ခုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ဖို့လည်း လိုအပ်ပါမယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။